DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါဖြင့်သေဆုံးသူ ၄၀၀ ခန့်ရှိလာ
DVB
·
August 28, 2021
ရခိုင်ပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါဖြင့်သေဆုံးသူ ၄၀၀ ခန့်ရှိလာ
Donate to DVB

ရခိုင်ပြည်နယ်မှာ  ဩဂုတ် ၂၇ ရက်နေ့အထိ  ကိုဗစ်-၁၉ ကူးစက်ခံရသူပေါင်း  ၄၀၀ လောက် သေဆုံးခဲ့တယ်လို့ ပြည်နယ်ကိုဗစ်ထိန်းချုပ်ရေးနဲ့ အရေးပေါ်တုံ့ပြန်ရေး ကော်မတီက ထုတ်ပြန်ပါတယ်။

ပြည်နယ်ထဲက မြို့နယ် ၁၇ မြို့နယ်မှာ မနေ့က ၂ ယောက် သေဆုံးခဲ့ပြီး စုစုပေါင်း ၃၈၂ ယောက် သေဆုံးခဲ့ပါတယ်။

စစ်တွေမြို့နယ်မှာ ၆၉ ယောက် သေဆုံးလို့ အများဆုံးဖြစ်ပြီး တောင်ကုတ်မြို့နယ်မှာ ၆၂ ယောက် သေဆုံးခဲ့ပါတယ်။

မြေပုံမြို့နယ်မှာ ၁ ယောက် သေဆုံးခဲ့လို့ အနည်းဆုံးဖြစ်ပြီး ဘူးသီးတောင်နဲ့ ရမ်းဗြဲမြို့နယ်တို့မှာ ၆ ယောက်စီနဲ့ ဒုတိယ အနည်းဆုံးဖြစ်ပါတယ်။

ပိုးတွေ့လူနာ အရေအတွက်တော့ ဂွမြို့နယ်မှာ အယောက် ၇၀၀ ရှိတာကြောင့် အများဆုံးဖြစ်ပြီး လက်ရှိမှာလည်း ကုသဆဲလူနာ ၉၉ ယောက်ရှိနေပါတယ်။

“ပိုးတွေ့နှုန်းများတယ်ဆိုတာနဲ့ ပိုးတွေ့သူများတယ်ဆိုတာ မတူဘူး။ အရင် First Wave နဲ့ Second Wave တုန်းကလို ဘယ်လိုလူမျိုးကို စစ်ရမယ်ဆိုတဲ့ သတ်မှတ်ချက်မရှိတော့ တကျောင်းတဂါထာဆိုသလို တမြို့နဲ့ တမြို့ စစ်တဲ့နှုန်း ပုံစံ မတူကြတော့ဘူး။ ဖျားတာနဲ့ လာစစ်ပါဆိုတဲ့ မြို့နယ်နဲ့ အောက်ဆီဂျင်ကျမှာ လာပါဆိုတဲ့ မြို့နှစ်မြို့မှာ ဘယ်မြို့ ပိုးတွေ့သူများမလဲ။ တကယ်တော့ စစ်သူများရင် ပိုးတွေ့များမယ်။ ကြိတ်ကုများရင် ပိုးတွေ့နည်းမယ် ဒါပဲ” လို့ မြို့နယ်ဆေးရုံတခုက လက်ထောက်ဆရာဝန်တယောက်က ပြောပါတယ်။

ပြီးတော့ စစ်တွေမှာ ပိုးတွေ့လူနာ အယောက် ၅၉၀၊ ကျောက်ဖြူမှာ အယောက် ၄၉၀၊ မောင်တောမှာ ၄၇၆ ယောက်နဲ့ အများဆုံးဖြစ်ပါတယ်။

မြေပုံမြို့နယ်မှာ ပိုးတွေ့လူနာ ၅၁ ယောက်နဲ့ အနည်းဆုံးဖြစ်ပြီး မင်းပြားမှာ ၅၇ ယောက်၊ ရသေ့တောင်မှာ ၆၃ ယောက်၊ ပုဏ္ဏားကျွန်းမှာ ၆၉ ယောက်နဲ့ အနည်းဆုံး ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013