DVB Logo
Home
မြန်မာသတင်း
ဖမ်းဆီးထိန်းသိမ်းခံ သတင်းထောက်များ ချက်ချင်း ပြန်လွှတ်ပေးရန် CPJ တောင်းဆို
DVB
·
August 28, 2021
ဖမ်းဆီးထိန်းသိမ်းခံ သတင်းထောက်များ ချက်ချင်း ပြန်လွှတ်ပေးရန် CPJ တောင်းဆို
Donate to DVB

မြန်မာနိုင်ငံရဲ့ အကျဉ်းထောင်တွေထဲမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ သတင်းထောက်တွေကို ချက်ချင်း ပြန်လွှတ်ပေးဖို့ နယူးယောက်အခြေစိုက် သတင်းထောက်များအကာအကွယ်ပေးရေး ကော်မတီ (CPJ) က တောင်းဆိုလိုက်ပါတယ်။

ဒါ့အပြင် နောက်ဆုံး အဖမ်းခံထားရတဲ့ သတင်းစာဆရာ ဦးစည်သူအောင်မြင့်နဲ့ BBC Media  Action က ထုတ်လုပ်တင်ဆက်သူ မထက်ထက်ခိုင်တို့ကို ချက်ချင်းလွှတ်ပေးဖို့နဲ့ သူတို့အပေါ် စွဲဆိုထားတဲ့ စွဲချက်အားလုံးကို ပယ်ဖျက်ပေးဖို့ ဩဂုတ် ၂၃ ရက်က ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်တာပါ။

အာဏာသိမ်း စစ်အုပ်စုကို ဝေဖန်ခြင်းနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ထောက်ခံအားပေးတာတွေကြောင့် ဆူပူမှုဖြစ်အောင် လှုံ့ဆော်မှုတွေနဲ့ စွဲချက်တင်ထားတယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ထားပါတယ်။

သတင်းစာဆရာ ဦးစည်သူအောင်မြင့်ဟာ ရာဇ၀တ်ကျင့်ထုံးဥပဒေပုဒ်မ ၅၀၅(က) ကို ဖောက်ဖျက်မှုနဲ့ တရားစွဲဆိုခံရပြီး မထက်ထက်ခိုင်ကိုတော့ နေအိမ်မှာ ဦးစည်သူအောင်မြင့်အား နေထိုင်ခွင့်ပြုထားပြီး NUG ကထုတ်လွှင့်တဲ့ Federal FM အတွက် စေတနာ့ဝန်ထမ်း အယ်ဒီတာအဖြစ် ဆောင်ရွက်တာတို့ကြောင့် တရားစွဲထားပါတယ်။

မြန်မာစစ်အာဏာရှင်တွေဟာ သတင်းသမားတွေကို ရာဇ၀တ်သားတွေလို မဆက်ဆံသင့်ကြောင်း CPJ ရဲ့ အရှေ့တောင်အာရှဆိုင်ရာ အကြီးတန်းကိုယ်စားလှယ် Shawn Crispin က အလေးအနက်ပြောကြားခဲ့ပါတယ်။ 

သူတို့ ၂ ယောက်ကို ဖမ်းဆီးထားတာဟာ အခြေခံအကျဆုံး အပြည်ပြည်ဆိုင်ရာ ဥပဒေအားလုံးကို ချိုးဖောက်ခြင်းဖြစ်တာကြောင့် လက်မခံနိုင်စရာပဲလို့ နယ်စည်းမခြားသတင်းထောက်များအဖွဲ့ (RSF) က ထောက်ပြပါတယ်။ 

လက်ရှိမြန်မာနိုင်ငံ အကျဉ်းထောင်တွေထဲမှာ ဦးစည်သူအောင်မြင့်နဲ့ မထက်ထက်ခိုင်တို့ အပါအဝင် ဖမ်းဆီးခံထားရတဲ့ သတင်းသမား အယောက် ၅၀ လောက် ရှိနေပြီလို့ ဆိုပါတယ်။ 

RSF ရဲ့ ကမ္ဘာ့အဖွဲ့အစည်းများ သတင်းလွတ်လပ်ခွင့်အညွှန်းကိန်းမှာ မြန်မာနိုင်ငံဟာ နိုင်ငံပေါင်း ၁၈၀ ထဲမှာ အဆင့် ၁၄၀ ရှိတယ်လို့ သတိပေးထားပါတယ်။ 

မြန်မာနိုင်ငံရှိ အမေရိကန်သံရုံးကလည်း သတင်းထောက်တွေဟာ သူတို့အလုပ် သူတို့လုပ်ရင်း အရေးယူခံရတဲ့အကြောင်းတွေ ကြားသိရတဲ့အတွက် တုန်လှုပ်ချောက်ချားရပါတယ်လို့ ထုတ်ပြန်ထားပါတယ်။ 

မြန်မာနဲ့ကမ္ဘာတလွှားက ပြည်သူလူထုတွေအနေနဲ့ သူတို့ယုံကြည်တာတွေကို လွတ်လွတ်လပ်လပ် ထုတ်ဖော်ပြောဆိုခွင့်ရှိရမှာဖြစ်ပြီး သတင်းအချက်အလက်၊ အတွေးအမြင်တွေကိုလည်း လွတ်လွတ်လပ်လပ် ရှာဖွေ၊ ရရှိ၊ မျှဝေနိုင်ရမှာ ဖြစ်ပါတယ်။ 

သတင်းထောက်တွေဟာ ကြောက်ရွံ့ထိတ်လန့်မှုမရှိဘဲ လွတ်လွတ်လပ်လပ်တင်ပြခွင့် ရှိကိုရှိရမှာပါလို့လည်း သံရုံးရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ဩဂုတ် ၂၆ ရက်က ရေးသားဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013