DVB Logo
Home
မြန်မာသတင်း
ကျောက်မဲတွင် တိုက်ပွဲဖြစ်၊ ရွာသား ၂ ဦး ကျည်ထိမှန်၊ ၆၀၀ ကျော်ထွက်‌ပြေး
DVB
·
August 27, 2021
ကျောက်မဲတွင် တိုက်ပွဲဖြစ်၊  ရွာသား  ၂ ဦး ကျည်ထိမှန်၊ ၆၀၀ ကျော်ထွက်‌ပြေး
1 / 5
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့အနောက်ဘက် ၁၇ မိုင်အကွာ လွိုင်ကုံကျေးရွာအုပ်စုဘက်မှာ ဩဂုတ် ၂၆ ရက်က TNLA နဲ့ SSPP တို့ပါဝင်တဲ့ တပ်ပေါင်းစုနဲ့ RCSS တပ်ဖွဲ့ဝင်တွေကြား တိုက်ပွဲဖြစ်ပွားပြီး လွယ်ကုံရွာသား ၂ ယောက် ကျည်ထိမှန်ကာ ရွာသား ၆၀၀ ကျော်ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ 

မနေ့ ညနေ ၄ နာရီနဲ့ ည ၇ နာရီကြား ရွာပြင်ရှိတောင်ကုန်းတွေပေါ်မှာ စခန်းချနေတဲ့ RCSS ကို တပ်ပေါင်းစုဘက်ကဝင်ပစ်ပြီး RCSS တပ်ဖွဲ့ဝင်တချို့ ရွာထဲပြေးဝင်လာကြောင်း၊   သေနတ်သံကြားတော့ ရွာသားတွေထွက်ပြေးကြရတာလို့ ဒေသခံရွာသားတွေက ပြောပါတယ်။

အဆိုပါရွာက အသက် ၄၀ အရွယ်ရှိ ရွာသား ၁ ဦးက လည်းထွက်ပြေးဖို့ အိမ်မှာပစ္စည်းလာသိမ်းစဉ် ဘယ်ကပစ်လိုက်မှန်းမသိတဲ့ ကျည်ဆန်က  သူ့ရဲ့ ညာ ဘက်ပေါင်ကို ထုတ်ချင်းပေါက်ထိမှန်သလို နောက်ထပ် အသက် ၅၀ ကျော်ရှိ ရွာသား ၁ ယောက်ကလည်း ရွာလယ်လမ်းထဲမှာပြေးလွှားစဉ် ကျည်စက ခြေထောက်ကိုထိမှန်တယ်လို့ ပန်စလွပ်ရွာသား  ၁ ဦးက ဒီဗွီဘီကို ပြောပါတယ်။ 

“ပေါင်ကို ကျည်ထိမှန်တဲ့တယောက်တော့ မနေ့ကပဲ ကားနဲ့ကျောက်မဲကိုပို့လိုက်ပြီ။ နောက်တယောက်ကတော့ ဒဏ်ရာမပြင်းထန်တော့ ရွာမှာဘဲဆေးထည့်တယ်၊ ရွာသားတွေအ ကုန်ထွက်ပြေးလာပြီ မနေ့တနေ့ကတည်းက၊ လွိုင်ကုံတောင်ရွာရော မြောက်ရွာပါ အကုန် ၆၀၀ ကျော်ရှိမယ်၊ ဘုန်းကြီးကျောင်းမှာရော၊ ရွာထဲကအသိဆွေမျိုးအိမ်တွေမှာပါ သွားနေကြတာလည်းရှိတယ်။”

ရွာထဲကို ကျည်ဆန်ကျလာတာကြောင့် အိမ်ခြေအပျက်အစီးပါရှိနိုင်ပေမယ့် ဘယ်သူမှပြန်မကြည့်ရဲ လို့ ဘာတွေပျက်စီးလဲဆိုတာ မသိရသေးဘူးလို့ ဆိုပါတယ်။ 

ဒီကနေ့လည်း ပစ်ခတ်သံတွေကြားနေရတာကြောင့် ရွာထဲကစစ်ဘေးရှောင်တွေ‌ော ရွာသားတွေပါ တခြားနေရာသို့ စစ်ဘေးရှောင်ရဖွယ်ရှိတယ်လို့  ရွာသား တစ်ဦးက ပြောပါတယ်။ 

စစ်ဘေးရှောင်ရွာသားတွေ စားနပ်ရိက္ခာအတွက် ပန်စလွယ်ရွာသားတွေရော ၊ ကျောက်မဲက ရှမ်းအနုပညာရှင်အဖွဲ့၊ သီပေါက ပရဟိတအဖွဲ့ပါ လာရောက်လှူဒါန်းထောက်ပံ့ထားလို့ လောလော ဆယ် ရက်ပိုင်းအတွက်စားရေးသောက်ရေး အဆင်ပြေနေတယ်လို့ ဆိုပါတယ်။ 

ကျောက်မဲခရိုင်ထဲမှာ ပြီးခဲ့တဲ့ ဇူလိုင်လဆန်းကစ ကနေ့ထိ TNLA + SPP တို့ပါဝင်တဲ့ တပ်ပေါင်းစုနဲ့ RCSS တပ်ဖွဲ့ဝင်တွေကြား နယ်မြေစိုးမိုးရေးပြဿနာကြောင့် တိုက်ပွဲတွေမကြာခဏ ဖြစ်ပွားနေပြီး ရွာသားပေါင်း ၂၀၀၀ ကျော်  ကျောက်မဲမြို့ပေါ်နဲ့ မိုင်းငေါ့မြို့နယ်ခွဲမှာရော၊ သီပေါ နမ့်လန်ကျေးရွာဘက်မှာပါ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ 

ရွာထဲမှာ လက်နက်ကိုင်တပ်ဖွဲ့ ဝင်ရောက်နေထိုင်တာ၊ လူသစ်စုဆောင်းတာ၊ ရွာသားတွေကို ဟိုဘက်ဒီဘက်သတင်းပေးသူအဖြစ်စွပ်စွဲရိုက်နှက်တာ၊ တိုက်ပွဲကြောင့် နေအိမ်မီးလောင်ခံထားရ တာတွေကြောင့် ခုထိအိမ်မပြန်နိုင်ကြသေးပါဘူး။ 

ဇူလိုင်လဆန်းပိုင်းက ကျောက်မဲမြို့နယ် တော့ဆန်အုပ်စုထဲမှာ တိုက်ပွဲပြင်းထန်တဲ့နောက် RCSS/SSA ဘက်က နမ္မတူ၊ ကျောက်မဲ၊ သီပေါမြို့နယ်ထဲမှာရှိတဲ့ ဖြစ်ပွါးနေတဲ့ တိုက်ပွဲတွေ ရပ်စဲပြီး နိုင်ငံရေးပြဿနာကို တွေ့ဆုံဆွေးနွေးအဖြေရှာဖို့ ပြီးခဲ့တဲ့ ဇူလိုင် ၈  ရက် နေ့စွဲနဲ့  ထုတ်ပြန်ကြေညာခဲ့ပေမဲ့  ပစ်ခတ်မှုတွေ ဆက်လက်ဖြစ်ပွါးနေဆဲဖြစ်ပါတယ်။ 

ပန်စလွပ်ရွာရောက် စစ်ဘေးရှောင်ဓာတ်ပုံများ  

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013