
ဆော်ဒီအာရေဗျ၊ တူရကီနဲ့ ပါကစ္စတန်တို့ဟာ မက္ကာ ပူးတွဲကာကွယ်ရေးသဘောတူညီချက်ကို သောကြာနေ့မှာ လက်မှတ်ရေးထိုးခဲ့ပြီး နိုင်ငံသုံးနိုင်ငံထဲက တနိုင်ငံကို လက်နက်ကိုင် တိုက်ခိုက်မှုမှန်သမျှကို သူတို့အားလုံးကို တိုက်ခိုက်မှုအဖြစ် သတ်မှတ်မယ်လို့ ဖော်ပြထားပါတယ်။
ဒီသဘောတူညီချက်ကို ဆော်ဒီအိမ်ရှေ့မင်းသားနဲ့ ဝန်ကြီးချုပ် မိုဟမ်မဒ် ဘင်ဆယ်လ်မန် ဘင် အဗ်ဒူလာဇစ် အယ်လ်ဆွဒ်၊ တူရကီသမ္မတ တေယစ် အာဒိုဂံနဲ့ ပါကစ္စတန်ဝန်ကြီးချုပ် မူဟမ်မဒ် ရှာဘတ်ဇ် ရှရစ်ဖ်တို့က ဆော်ဒီအာရေဗျနိုင်ငံ မက္ကာမြို့မှာ ကျင်းပတဲ့ မက္ကာ ပူးတွဲကာကွယ်ရေး ထိပ်သီးအစည်းအဝေးအတွင်း လက်မှတ်ရေးထိုးခဲ့တယ်လို့ ထိပ်သီးအစည်းအဝေးအပြီး ထုတ်ပြန်ခဲ့တဲ့ ပူးတွဲကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဒီသဘောတူညီချက်ဟာ သုံးနိုင်ငံစလုံးရဲ့ စုပေါင်းလုံခြုံရေးကို အားကောင်းစေဖို့နဲ့ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ကာကွယ်စောင့်ရှောက်ဖို့ ကတိကဝတ်ကို ထင်ဟပ်စေတယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဒါဟာ ကျူးကျော်မှုလုပ်ရပ်တိုင်းကို စုပေါင်းတားဆီးဖို့နဲ့ ကဏ္ဍတိုင်းမှာ ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။
သုံးနိုင်ငံတို့ဟာ သူတို့ရဲ့ ဆက်ဆံရေးနဲ့ အပြန်အလှန် အကျိုးစီးပွားဆိုင်ရာ ကိစ္စရပ်အများအပြားကိုလည်း ပြန်သုံးသပ်ခဲ့တယ်လို့ ကြေညာချက်က ဆိုပါတယ်။
အာဒိုဂန်နဲ့ ရှာရစ်ဖ်တို့ဟာ ဆော်ဒီဘုရင်ရဲ့ ဖိတ်ကြားချက်အရ ဆော်ဒီအာရေဗျနိုင်ငံဆီ လက်ရှိမှာ သွားရောက်လည်ပတ်နေပါတယ်။
Source: Reuters










