DVB Logo
Home
မြန်မာသတင်း
သုံးပွင့်ဆိုင်ယန္တရားတွင်မပါသဖြင့် အမည်သုံးစွဲပါကအရေးယူမည်ဟု CTUM အဖွဲ့ချုပ် သတိပေး
DVB
·
August 26, 2021
သုံးပွင့်ဆိုင်ယန္တရားတွင်မပါသဖြင့် အမည်သုံးစွဲပါကအရေးယူမည်ဟု CTUM အဖွဲ့ချုပ် သတိပေး
Donate to DVB

စစ်အုပ်စုက ပြုလုပ်တဲ့ သုံးပွင့်ဆိုင်ယန္တရားကနေ နုတ်ထွက်ထားပြီး အဲဒီအစည်းအဝေးတွေမှာ CTUM အမည်သုံးစွဲပါက လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကိုဖြစ်စေ၊ အဖွဲ့အစည်းတစ်ခုကိုဖြစ်စေ၊ သတင်းမီဒီယာကိုဖြစ်စေ ပြည်တွင်းနဲ့ အပြည်ပြည်ဆိုင်ရာ ဥပဒေတွေနဲ့ အရေးယူသွားမယ်လို့ ထုတ်ပြန်လိုက်ပါတယ်။

စစ်ကောင်စီအနေနဲ့ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်တွေ၊ အလုပ်သမားအရေး လှုပ်ရှားဆောင်ရွက်နေ တဲ့ အဖွဲ့အစည်း ၁၆ ခုကို တရားဝင်ဖွဲ့စည်းထားတာမဟုတ်တဲ့ အဖွဲ့အစည်းတွေအဖြစ် မတ်လ ၂ ရက်က ကြေညာခဲ့တယ်လို့ ဆိုပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM)နဲ့ မြန်မာနိုင်ငံစက်မှုလက်မှုနဲ့ ဝန်ဆောင်မူလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (MICS-TUsF) တို့ကလည်း အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင်ယန္တရားမှာ ဆက်လက်ပါဝင်တော့မှာ မဟုတ်ဘူးလို့ ပြန်လည်ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီလို သုံးပွင့်ဆိုင်ယန္တရားက နုတ်ထွက်ထားတာကြောင့် သုံးပွင့်ဆိုင်ယန္တရားမှာ ပါဝင်ဆောင်ရွက်ဖို့ ဘယ်အဖွဲ့ဝင်ကိုမှ တာဝန်ပေးထားတာမရှိသလို စစ်အုပ်စုက လုပ်မယ့်အစည်းအဝေးတွေမှာ CTUM အမည်သုံးစွဲခွင့်မရှိကြောင်း ဒီနေ့ထုတ်ပြန်လိုက်တာပါ။

ဒါ့အပြင် ပြည်ထောင်စုသမ္မတနိုင်ငံ ကုန်သည်များနှင့်စက်မူလက်မူလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) အနေနဲ့ CTUM နဲ့ MICS-TUsF တို့ အမည်အလွဲသုံးစားလုပ်ပြီး အစည်းအဝေး တက်ရောက်ဆက်သွယ်လာတာကို အသိအမှတ်မပြုဖို့လည်း သတိပေးထားပါတယ်။ 

CTUM အနေနဲ့ စက်တင်ဘာလမှာပြုလုပ်မယ့် ကမ္ဘာ့ကုလသမဂ္ဂညီလာခံမှာ စစ်အုပ်ကို နိုင်ငံကိုယ်စားပြုမရရှိအောင် အပြည်ပြည်ဆိုင်ရာအလုပ်သမားသမဂ္ဂတွေနဲ့ ချိတ်ဆက်ပြီး အစွမ်းကုန်ကြိုးစားနေတယ်လို့ ထည့်သွင်းဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013