DVB Logo
Home
မြန်မာသတင်း
မြန်မာစစ်တပ်ကိုထောက်ခံသည့် ဝါဒဖြန့်စာမျက်နှာများ Facebook ပေါ်ဆက်ရှိနေ
DVB
·
August 26, 2021
မြန်မာစစ်တပ်ကိုထောက်ခံသည့် ဝါဒဖြန့်စာမျက်နှာများ Facebook ပေါ်ဆက်ရှိနေ
Donate to DVB

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ အကြမ်းဖက်မှုအန္တရာယ်တွေကြောင့် စစ်တပ်နဲ့ ချိတ်ဆက်ထားတဲ့ အကောင့်တွေကို Facebook ပလက်ဖောင်းကနေ ပိတ်ပင်ထားပြီးတာ တောင် စစ်တပ်ကိုထောက်ခံတဲ့ ဝါဒဖြန့်စာမျက်နှာတွေကို အားပေးအားမြှောက်လုပ်နေတယ်လို့ Global Witness လူ့အခွင့်အရေးအဖွဲ့ရဲ့ အစီရင်ခံစာအရ သိရပါတယ်။

တပ်မတော်လို့ သိကြတဲ့ မြန်မာစစ်တပ်ဟာ နိုင်ငံရဲ့ ရွေးကောက်ခံ အရပ်သားအစိုးရကို ဖြုတ်ချခဲ့တဲ့ ဖေဖော်ဝါရီလ နှောင်းပိုင်းကစပြီး ဖေ့စ်ဘွတ်ခ်ဟာ စစ်တပ်ရဲ့လူ့အခွင့်အရေး ချိုးဖောက်မှုရာဇဝင်၊ သတင်းမှားပြန့်ပွားမှုနဲ့ အာဏာသိမ်းပြီးနောက် အကြမ်းဖက်မှုအန္တရာယ် မြင့်တက်လာမှုတို့ကို ကိုးကားပြီး သူ့ရဲ့ပလက်ဖောင်းကနေ တပ်မတော်ကို ပိတ်ပင်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ Facebook ပြောထားပါတယ်။

ဒါပေမဲ့ Global Witness ရဲ့အဆိုအရ Facebook ရဲ့ ကိုယ်ပိုင် ပြဿနာဖြေရှင်းနည်း စံသတ်မှတ်ချက်တွေဟာ သူ့ရဲ့ပလက်ဖောင်းက စည်းမျဉ်းတွေကိုချိုးဖောက်တဲ့ စစ်တပ်လိုလားတဲ့ ဝါဒဖြန့်စာမျက်နှာတွေကို Like လုပ်ဖို့ အကောင့်သုံးစွဲသူတွေကို ဖိတ်ခေါ်နေတယ်လို့ ပြောပါတယ်။ 

Facebook လူမှုကွန်ရက်ကုမ္ပဏီဟာ ၂၀၁၈ ခုနှစ်မှာ ရိုဟင်ဂျာမွတ်ဆလင်တွေအပေါ် အကြမ်းဖက်မှုလှုံ့ဆော်မှုတွေကိုတားဆီးဖို့ သူ့ရဲ့ပလက်ဖောင်းမှာ အမုန်းစကား ရေးသားဖြန့်ဝေမှု တွေကို စောင့်ကြည့်ဖို့ မြန်မာစကားပြောအကြောင်းအရာစိစစ်သူ ၁၀၀ ကျော်ကို ငှားရမ်းခဲ့ပြီး အမုန်းတရားကို ဖော်ထုတ်တားဆီးနိုင်ဖို့ ကွန်ပျူတာကနေ စကားလုံး အစုအဝေး အသုံးအနှုန်း တွေကို စိစစ်ပယ်ချတဲ့စနစ်ကို တည်ဆောက်ခဲ့ပါတယ်။ 

ဒါပေမဲ့ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အမုန်းတရားနဲ့ အကြမ်းဖက်ဖို့ လှုံ့ဆော်မှုတွေက Facebook ပလက်ဖောင်းမှာ ကျယ်ကျယ်ပြန့်ပြန့်ရှိနေဆဲဖြစ်ပါတယ်။ ဒါဟာ Facebook က သူတို့ရဲ့မူဝါဒတွေကို ထိထိရောက်ရောက်လိုက်နာဖို့ ပျက်ကွက်တာကို ထောက်ပြတာပါ” လို့ ၂၀၁၆ ခုနှစ်ကတည်းက မြန်မာနိုင်ငံမှာ အန္တရာယ်ရှိတဲ့ အကြောင်းအရာတွေနဲ့ပတ်သက်ပြီး Facebook နဲ့ ဆွေးနွေးခဲ့တဲ့ Tech Accountability Initiative အဖွဲ့မှ ဗစ်တိုးရီးယားရီရိုက ပြောကြားခဲ့ပါတယ်။ 

Facebook ကတော့ ထုတ်ပြန်ချက်တခုထဲမှာ သူတို့အဖွဲ့တွေဟာ မြန်မာနိုင်ငံရဲ့ အခြေအနေ တွေကို အချိန်နဲ့တပြေးညီ အနီးကပ် ဆက်လက် စောင့်ကြည့်နေပြီး သူတို့စည်းမျဉ်းတွေကို ချိုးဖောက်တဲ့ ပို့စ်တွေ၊ စာမျက်နှာတွေ၊ အုပ်စုတွေကိုအရေးယူထားကြောင်းနဲ့ မြန်မာနိုင်ငံမှာ Facebook ကနေ အမုန်းစကား ၉၉ ရာခိုင်နှုန်းကို ဖယ်ရှားထားပြီး တပ်မတော်နဲ့ ထိခိုက်နစ်နာမှုကို ပြန့်ပွားစေအောင် ဖေ့စ်ဘွတ်ဝန်ဆောင်မှုတွေကို အလွဲသုံးစားလုပ်ပြီး မူမမှန်တဲ့အပြုအမူတွေကို ပူးပေါင်းပြီး ထပ်တလဲလဲ အနှောင့်အယှက်ပေးနေသူတွေကိုလဲ ဖယ်ရှားထားတယ် လို့ ဆိုပါတယ်။

ဒါပေမဲ့ Facebook ရဲအားနည်းချက်တခုမှာ ပြဿနာထပ်တလဲလဲ ကျူးလွန်နေတဲ့ အကောင့်တွေဟာ ဖေ့စ်ဘွတ်ခ်ပလက်ဖောင်းကနေ တားမြစ်ပိတ်ပင် ဖယ်ရှားခံရပြီးရင်လည်း နာမည်တူ၊ ဓာတ်ပုံတူ ပရိုဖိုင်းအသစ်တွေနဲ့ ပြန်ရောက်လာတာတွေကို မတားဆီးနိုင်တာဘဲလို့ ဆိုပါတယ်။

ဖေ့စ်ဘွတ်ခ်ဟာ ပြန်လည်လက်ခံရေးမူဝါဒနဲ့ အကောင့်များစွာသုံးခြင်းကိုဆန့်ကျင်တဲ့မူဝါဒ ရှိပေမယ့် သူကိုယ်တိုင် မလိုက်နာဘူးလို့လည်း ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013