
Facebook နဲ့ Instagram တို့ဟာ ဥရောပသမဂ္ဂ (EU)ရဲ့ နည်းပညာစည်းမျဉ်းတွေကို ချိုးဖောက်မှုနဲ့ ဧပြီ ၂၉ ရက်မှာ တရားစွဲဆိုခံခဲ့ရပါတယ်။
အသက် ၁၃ နှစ်အောက် ကလေးတွေက လူမှုကွန်ရက် ၂ ခုစလုံးကို ဝင်မကြည့်အောင် ကာကွယ်ဖို့ ပိုလုပ်ရမယ်လို့ EU စည်းမျဉ်းထိန်းသိမ်းရေးအဖွဲ့က ဧပြီ ၂၉ ရက်မှာ ပြောပါတယ်။
ဥရောပကော်မရှင်က ၂ နှစ်ကြာ စုံစမ်းစစ်ဆေး အပြီးမှာ နည်းပညာကုမ္ပဏီကြီးတွေဟာ သူတို့ရဲ့ ပလက်ဖောင်းတွေပေါ်မှာ တရားမဝင်နဲ့ အန္တရာယ်ရှိတဲ့ အကြောင်းအရာတွေကို ကိုင်တွယ်ဖြေရှင်းရေး ပိုလုပ်ဖို့လိုတဲ့ Digital Services Act အရ စွဲချက်တင်ခံခဲ့ရတာပါ။
ဥရောပသမဂ္ဂရဲ့ နည်းပညာဆိုင်ရာ ပြဋ္ဌာန်းသူက facebook ရဲ့ မိခင်ကုမ္ပဏီ Meta ဟာ အသက် ၁၃ နှစ်အောက် ကလေးတွေ Facebook နဲ့ Instagram အသုံးပြုခွင့်ကို ကန့်သတ်ချက်တွေ ပြဋ္ဌာန်းဖို့ လုံလောက်အောင် မလုပ်ခဲ့ဘူးလို့ ပြောပါတယ်။
ဝန်ဆောင်မှုတွေကို သုံးတဲ့အခါ သူတို့ကို ဖော်ထုတ်ဖယ်ရှားဖို့ အစီအမံတွေက မလုံလောက်ဘူးလို့လည်း ပြောပါတယ်။
ဥရောပမှာ အသက် ၁၃ နှစ်အောက် ကလေး ၁၀ ရာခိုင်နှုန်း ကနေ ၁၂ ရာခိုင်နှုန်း ဟာ Facebook နဲ့ Instagram ကို သုံးနေတယ်လို့လည်း EU စည်းမျဉ်းကြပ်မတ်သူတွေက ပြောပါတယ်။
Source: Reuters










