DVB Logo
Home
မြန်မာသတင်း
မြန်မာစစ်တပ်နှင့် ဆက်နွှယ်သည့် အကောင့် ၂၇၀ ကို ဖေ့စ်ဘွတ်ခ် ဖယ်ရှား
DVB
·
January 28, 2026
မြန်မာစစ်တပ်နှင့် ဆက်နွှယ်သည့် အကောင့် ၂၇၀ ကို ဖေ့စ်ဘွတ်ခ် ဖယ်ရှား
Donate to DVB

မြန်မာစစ်တပ်နဲ့ ဆက်စပ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ ဝါဒဖြန့်ချိရေး အကောင့်တွေကို ဖေ့စ်ဘွတ်ကနေ ဖယ်ရှားလိုက်ပါတယ်။

စာမျက်နှာ၊ ဂရုနဲ့ ပရိုဖိုင်းအကောင့် စုစုပေါင်း ၂၇၀ ခုကို ပိတ်လိုက်တာဖြစ်တယ်လို့ ဇန်နဝါရီ ၂၇ ရက်နေ့မှာ Justice for Myanmar က ထုတ်ပြန်လာတာပါ။ 

ဒီလုပ်ဆောင်ချက်ဟာ ဖေ့စ်ဘွတ်ကုမ္ပဏီ Meta က ၂၀၂၁ ခုနှစ်ကတည်းက စတင်ထားတဲ့ စစ်တပ် ထိန်းချုပ် စီးပွားရေးလုပ်ငန်းတွေ၊ မီဒီယာတွေကို ပိတ်ပင်တဲ့ မူဝါဒအရ လုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

ဖယ်ရှားခံရတဲ့ အကောင့်အများစုဟာ စစ်တပ်ပိုင် မိုင်တဲလ်ထုတ်ကုန်နဲ့ ဝန်ဆောင်မှုတွေ ရောင်းချနေတဲ့ အကောင့်တွေ ဖြစ်ပြီး၊ ကျန်တဲ့အကောင့်တွေကတော့ MEC၊ MEHL နဲ့ ဆက်စပ်တဲ့ ကုမ္ပဏီခွဲတွေ၊ ဘဏ်တွေ၊ စီးပွားရေးအမှတ်တံဆိပ်တွေ ဖြစ်ပါတယ်။ 

ဒါ့အပြင် စစ်တပ်ဝါဒဖြန့်နေတဲ့ a Light for Justice 3၊ News Service Station နဲ့ Myanmar Information Community တို့ကိုလည်း ဖယ်ရှားခဲ့ပါတယ်။ 

အခုလို အကောင့်တွေ ပိတ်သိမ်းဖို့အတွက် Justice For Myanmar က တိုင်ကြားခဲ့တာဖြစ်ပြီး Alphabet၊ Apple၊ TikTok နဲ့ Telegram တို့ကိုလည်း စစ်တပ်နဲ့ဆက်စပ်တဲ့ အကောင့်တွေကို ချက်ချင်းပိတ်ပင်ဖို့ တောင်းဆိုထားတယ်လို့ ထုတ်ပြန်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013