DVB Logo
Home
မြန်မာသတင်း
တောင်တွင်းကြီးတွင် တညတည်း အပြစ်မဲ့ပြည်သူ ၅၀ နီးပါး ဖမ်းဆီးခံရ
DVB
·
August 26, 2021
တောင်တွင်းကြီးတွင် တညတည်း အပြစ်မဲ့ပြည်သူ ၅၀ နီးပါး ဖမ်းဆီးခံရ
Donate to DVB

မကွေးတိုင်း တောင်တွင်းကြီးမြို့မှာ သြဂုတ် ၂၅ ရက်နေ့ည ၁၁ ခွဲလောက်က ဒေသခံပြည်သူ ၅၀ နီးပါး စစ်ကောင်စီတပ်က ဖမ်းဆီသွားတယ်လို့ သိရပါတယ်။

ဒေသခံတစ်ဦးက “ညက မောင်းတိုင်နဲ့ ရွှေအိုးရပ်ကွက်တွေမှာ ဖမ်းဆီးတာတွေ၊ အိမ်တွေဝင်ရှာတာတွေ ဗြောင်းဆန်နေတာပဲ။ ဧည့်စာရင်းစစ်ချင်လို့ဆိုပြီ ငါ့အိမ်ကို တံခါးဖွင့်ခိုင်းပြီး ဝင်ရှာကြတာ။ တချို့အိမ်တွေရင် မိသားစုလိုက် ဖမ်းဆီးသွားတာတွေရှိတယ်” လို့ ပြောပါတယ်။

ဖမ်းဆီးခံရသူတွေထဲမှာ ၂၀၁၅ ကနေ ၂၀၂၀ ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် အမှတ် ၂ ကိုယ်စားလှယ် ဦးဝင်းမြင့်လှိုင် ခေါ် ကိုလှိုင်လှိုင် နဲ့ တအိမ်တည်းနေတာမဟုတ်တဲ့ ဖခင်ဖြစ်သူ အသက် ၈၄ နှစ်ရှိ တရားလွှတ်တော်ရှေ့နေ ဦးစိုးမြင့်နဲ့ မိသားစုဝင်တွေလည်းပါဝင်ပြီး တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တံဆိပ်တုံးနဲ့ NLD ပါတီအလံတွေကို သိမ်းဆည်းသွားတယ်လို့ သိရပါတယ်။

ဒေသခံတဦးက “ဆိုင်ကယ်ပြင်ဆိုင်ဖွင့်ထားတဲ့ ကိုမျိုးငယ်အိမ်က တမိသားစုလုံး၊ ကိုဟိုချိမင်း အိမ်ကလည်း တမိသားစုလုံး၊ ရတနာမြိုင်ထမင်းဆိုင်က မိသားစုဝင်တွေကော ဖမ်းသွားတာပဲ။ ရွှေအိုး ၁ က ရာအိမ်မှူးအသတ်ခံရတာနဲ့များ ဆက်စပ်မလားမသိဘူးဗျ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ သြဂုတ် ၂၅ ရက်နေ့ နေ့လယ်ပိုင်းကလည်း တိုက်ဝါကြီးလမ်းထဲက ဝင်းသီဟ-ကွမ်းပစ္စည်းရောင်ဝယ်ရေးအိမ်ကိုလည်း ဝင်ရောက်ရှာဖွေသွားပြီး ညပိုင်းမှာ သေနတ်ပစ်ဖောက်ခဲ့တယ်လို့ ဆိုပါတယ်။

စမုံကျေးရွာဘုန်းကြီးကျောင်းမှာလည်း သင်္ကန်းဝတ်နေတဲ့ ကုက္ကိုကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း ကိုခင်မောင်ရီကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီက မတရားပုဒ်မတွေနဲ့အမှုဖွင့်ထားခံရလို့ ရှောင်တိမ်းနေရတဲ့ သူတွေရဲ့ မိဘဆွေမျိုးတွေနဲ့ ပြည်သူတွေကို ဖမ်းနေတာ မဖြစ်သင့်ဘူးလို့ ဒေသခံတွေက ပြောပါတဘ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013