DVB Logo
Home
မြန်မာသတင်း
တောင်ဒဂုံနှင့်အရှေ့ဒဂုံက အိမ်ခြေ ၁၀၀ စာအတွက် စားသောက်ကုန်များ လှူဒါန်း
DVB
·
August 25, 2021
တောင်ဒဂုံနှင့်အရှေ့ဒဂုံက အိမ်ခြေ ၁၀၀ စာအတွက် စားသောက်ကုန်များ လှူဒါန်း
1 / 10
Donate to DVB

ရန်ကုန်တိုင်း၊ တောင်ဒဂုံနဲ့အရှေ့ဒဂုံမြို့နယ်တွေက အခြေခံပြည်သူ အိမ်ခြေ ၁၀၀ စာအတွက် ဩဂုတ် ၂၅ ရက်နေ့မွန်းလွဲပိုင်းက ပြည်သူမှပြည်သူ လှူဒါန်းမှုပြုလုပ်ခဲ့ပါတယ်။ 

ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်၊ လက်ဖက်တွေကို လူငယ်တွေက လှူဒါန်းခဲ့ပြီး အခြေခံပြည်သူ အများစုဟာ အလုပ်အကိုင်မရှိ ဖြစ်နေတာကို တွေ့ခဲ့ရတယ်လို့ အလှူရှင်လူငယ်တစ်ယောက်က ပြောပါတယ်။

အလှူရှင် လူငယ်တစ်ယောက်က “အလှူရှင် တခါမှ မလာတော့ ကျနော်တို့သွားလည်းလှူရော အရမ်းဝမ်းသာပြီး မျက်ရည်ပါကျကြတယ်။ အလုပ်က အခုမရှိသေးဘူးတဲ့။ ကြုံရာကျပန်း လုပ်စားနေရတာတဲ့။ တကယ်စိတ်မကောင်းခဲ့ဘူး” လို့ ပြောပါတယ်။

စစ်အာဏာသိမ်းဂယက်နဲ့ ကိုဗစ်ကပ်ရောဂါကြောင့် အခြေခံပြည်သူတွေဟာ စားဝတ်နေရေး တဖြည်းဖြည်း ပိုကျပ်တည်းလာတာပါ။ နဂိုဆင်းရဲမွဲတေမှုနဲ့ ကိုဗစ်ဒဏ်တို့အပြင်  စစ်အာဏာသိမ်း နောက်ဆက်တွဲ‌ဂယက်ကြောင့် လာမယ့် ၆ လအတွင်း အစာခေါင်းပါးငတ်မွတ်တဲ့ဒဏ်ခံရမယ့် မြန်မာပြည်သူ ၃ သန်းကျော်ရှိလာလိမ့်မယ်လို့ ကုလအဖွဲ့အစည်း WFP က ဧပြီ ၂၃ ရက်နေ့မှာ သတိပေးထုတ်ပြန်ခဲ့ပါတယ်။ 

ငတ်မွတ် ခေါင်းပါးမှုကြုံတွေ့ရမယ့်သူတွေထဲမှာ မြို့နေလူတန်းစားတွေ အများစုဖြစ်ပြီး ဆင်းရဲတဲ့သူတွေ ပိုပြီးအလုပ်အကိုင်မရှိ ဖြစ်လာကြတယ်လို့ WFP က သူတို့ရဲ့စစ်တမ်းတွေကို ကိုးကားပြောဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013