DVB Logo
Home
မြန်မာသတင်း
အာဆီယံတွင် ကိုဗစ်-၁၉ သန်းချီကူးစက်ခံ ၄ နိုင်ငံရှိလာ၊ မြန်မာတွင် ၃၇၀,၀၀၀ ကျော် ကူးစက်ခံရ
DVB
·
August 25, 2021
အာဆီယံတွင် ကိုဗစ်-၁၉ သန်းချီကူးစက်ခံ ၄ နိုင်ငံရှိလာ၊ မြန်မာတွင် ၃၇၀,၀၀၀ ကျော် ကူးစက်ခံရ
Donate to DVB

ကမ္ဘာတဝန်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူအရေအတွက်ဟာ ၂၁၄ သန်းကျော်လာခဲ့ပြီး သန်းချီကူးစက်ခံရတဲ့ နိုင်ငံပေါင်း ၃၅ နိုင်ငံထိ ရှိလာပါတယ်။

တကမ္ဘာလုံးအတိုင်းအတာနဲ့ သေဆုံးသူအရေအတွက်ကတော့ ၄ ဒသမ ၄၆ သန်းကျော်နဲ့ ရောဂါပြန်လည်ပျောက်ကင်းလာသူအရေအတွက်ကတော့ ၁၉၁ ဒသမ ၅ သန်း ကျော်ရှိနေတာပါ။

ရောဂါဖြစ်ပွားမှု အမြင့်ဆုံးနိုင်ငံတွေထဲမှာတော့ အမေရိကန်နိုင်ငံက ကူးစက်ခံရသူ ၃၉ သန်းနီးပါး၊ သေဆုံးသူ ၆ သိန်း ၄ သောင်းကျော်ရှိနေပြီး သူ့နောက်မှာတော့ အိန္ဒိယနိုင်ငံက ကူးစက်ခံရသူ ၃၂ သန်းခွဲကျော်၊ သေဆုံးသူ ၄ သိန်း ၃ သောင်းကျော်နဲ့ ရှိပါတယ်။

တတိယနေရာမှာတော့ ဘရာဇီးနိုင်ငံက ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၀ ဒသမ ၆ သန်းကျော်၊ သေဆုံးသူ ၅ သိန်း ၇ သောင်းကျော်နဲ့ ထိပ်ဆုံး ၃ နိုင်ငံအနေနဲ့ အသီးသီး ရပ်တည်နေပါတယ်။

အဲဒီ ၃ နိုင်ငံနောက်မှာတော့ ရုရှား၊ ပြင်သစ်၊ ယူကေနဲ့ တူရကီနိုင်ငံတွေက ကူးစက် ခံရသူ ၆ သန်းကျော်၊ အာဂျင်တီးနားနိုင်ငံက ကူးစက်ခံရသူ ၅ သန်းကျော်၊ ကိုလံဘီယာ၊ စပိန်၊ အီရန်၊ အီတလီနဲ့ အင်ဒိုနီးရှားနိုင်ငံတွေက ကူးစက်ခံရသူ ၄ သန်းကျော်၊ ဂျာမနီနဲ့ မက္ကဆီကိုနိုင်ငံတွေက ကူးစက်ခံရသူ ၃ သန်းကျော်၊ ပိုလန်၊ တောင်အာဖရိက၊ ယူကရိန်းနဲ့ ပီရူးနိုင်ငံတွေက ကူးစက်ခံရသူ ၂ သန်းကျော်စီ ရှိနေပါတယ်။

အဲဒီနောက်မှာတော့ နယ်သာလန်၊ ဖိလစ်ပိုင်၊ အီရတ်၊ ချက်သမ္မတနိုင်ငံ၊ ချီလီ၊ မ လေးရှား၊ ကနေဒါ၊ ဘင်္ဂလားဒေ့ရှ်၊ ဂျပန်၊ ဘယ်လ်ဂျီယမ်၊ ပါကစ္စတန်၊ ဆွီဒင်၊ ထိုင်း၊ ရိုမေး နီးယား၊ ပေါ်တူဂီတို့နဲ့အတူ အစ္စရေးနိုင်ငံမှာလည်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အ ရေအတွက် ၁ သန်းကျော်လာခဲ့ပြီ ဖြစ်တာမို့ ခုချိန်ထိ ကမ္ဘာတဝန်း ကိုဗစ်-၁၉ ရောဂါကူး စက်ခံရသူဦးရေ ၁ သန်းကျော်လာခဲ့တဲ့ နိုင်ငံပေါင်း ၃၅ နိုင်ငံထိ ရှိလာခဲ့ပြီလို့ Worldometers ဝက်ဘ်ဆိုက်ဒ်မှာ ဖော်ပြထားပါတယ်။

ရောဂါဖြစ်ပွားမှုစတင်ရာ တရုတ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၉ သောင်း ၄ ထောင်ကျော်၊ စုစုပေါင်း သေဆုံးသူ ၄,၆၃၆ ယောက်နဲ့ နိုင်ငံ အ လိုက် အမှတ်စဉ် ၁၀၇ နေရာထိ ကျဆင်းသွားခဲ့ပါတယ်။

အာဆီယံဒေသတွင်း နိုင်ငံတွေထဲမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု အ မြင့်ဆုံးနိုင်ငံတွေအဖြစ် အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ မလေးရှားနိုင်ငံတွေနဲ့အတူ ထိုင်းနိုင်ငံမှာပါ ရောဂါကူးစက်ခံရသူ ၁ သန်းကျော်ခဲ့ပြီ ဖြစ်တာမို့ စုစုပေါင်း ၄ နိုင်ငံ ရှိနေပါတယ်။

မြန်မာနိုင်ငံမှာတော့ လက်ရှိအချိန်ထိ ကိုဗစ်-၁၉ အတည်ပြု လူနာစုစုပေါင်း ၃ သိန်း ၇ သောင်းကျော်၊ သေဆုံးသူ ၁၄,၀၀၀ ကျော်နဲ့ အာဆီယံနိုင်ငံတွေထဲမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး သေဆုံးမှုအများဆုံးနိုင်ငံတွေထဲမှာ ပါဝင်နေပါတယ်။

ဗီယက်နမ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၃ သိန်း ၆ သောင်းကျော်နဲ့ သေဆုံးသူ ၉,၀၀၀ ကျော် ရှိနေပြီ ဖြစ်ပါတယ်။

ကမ္ဘောဒီးယားနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၉ သောင်းကျော်နဲ့ သေဆုံးသူ ၁,၈၀၀ ကျော်ရှိနေပါတယ်။

စင်ကာပူနိုင်ငံကတော့ ရောဂါကူးစက်ခံရသူအရေအတွက် ၆ သောင်း ၆ ထောင် ကျော်နဲ့ သေဆုံးသူအရေအတွက်အယောက် ၅၀ ရှိနေတာ ဖြစ်ပါတယ်။

လာအိုနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၁၃,၀၀၀ နီးပါးနဲ့ သေဆုံးသူ ၁၁ ယောက်ရှိနေပြီး ဘရူနိုင်းနိုင်ငံမှာတော့ ရောဂါကူးစက်ခံရသူ ၁,၉၀၀ ကျော်နဲ့ သေဆုံးသူအရေအတွက် ၃ ယောက် ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013