DVB Logo
Home
မြန်မာသတင်း
အရာတော်မြို့နယ် ကြွေပုဂံရွာကို စစ်အင်အားအလုံးအရင်းဖြင့်စီးနင်း၊ ဒေသခံ ၃၀ ခန့် ဖမ်းဆီးခံရ
DVB
·
August 25, 2021
အရာတော်မြို့နယ် ကြွေပုဂံရွာကို စစ်အင်အားအလုံးအရင်းဖြင့်စီးနင်း၊ ဒေသခံ ၃၀ ခန့် ဖမ်းဆီးခံရ
1 / 3
Donate to DVB

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ကြွေပုဂံရွာကို ဩဂုတ် ၂၅ ရက်မနက် ၃ နာရီလောက်က စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်ပြီး လူ ၃၀ လောက်ကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အရာတော်ဘက်ကလာတဲ့ စစ်ကား ၂ စီး၊ ဇရစ်ဘက်ကလာတဲ့ စစ်ကား ၅ စီး စု‌စုပေါင်းကား ၇ စီး၊ စစ်အင်အား ၁၀၀ လောက်နဲ့ ရွာထဲကို စီးနင်းဝင်ရောက်ကာ တွေ့ရာလူ အကုန်ဖမ်းဆီးပြီး လူနေအိမ်တွေကို ဖျက်ဆီးနေကြတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“စစ်တပ်ထဲ သင်တန်းတက်နေတဲ့ ရွာခံ ပျူစောထီး ၅ ဦးနဲ့အတူ စစ်တပ်ရော ပါလာတာပါ။ အရာတော်ဘက်က စစ်ကား ၂ စီးက ကံသာဘက်မှာ ကားရပ်ပြီး ရွာကို ခြေလျင်ဝင်လာခဲ့တာပါ။ နှစ်ဘက်ညှပ်ပြီး ဝင်လာတော့ ရွာသူရွာသားအများကြီး အဖမ်းခံရပါတယ်။ တောထဲထိကို လိုက်ဖမ်းဆီးနေလို့ ရွာသား ၃၀ ကျော်‌လောက် အဖမ်းခံရတယ်လို့ သိရတယ်။ နေမကောင်းလို့ မပြေးနိုင်တဲ့သူတွေလည်း ရွာထဲ ကျန်ခဲ့တာမို့ ဖမ်းဆီးခံအရေအတွက် အတိအကျ အတည်မပြုနိုင်သေးပါဘူး။ လူနေအိမ်တွေလည်း ရစရာမရှိအောင် ဖျက်ဆီးခံထားရပါတယ်။” 

ကြွေပုဂံရွာက တက်ကြွလှုပ်ရှားသူတွေရဲ့ နေအိမ်တွေကို စစ်တပ်က ရှာဖွေဖျက်ဆီး မွှေနှောက်တာတွေ လုပ်နေတာလို့ ဆိုပါတယ်။

အရာတော်မြို့နယ်အတွင်းမှာ ကျေးရွာ ၁၀ ရွာလောက်အထိ စစ်တပ်က စီးနင်းတာတွေ လုပ်ခဲ့ဖူးပြီး ကြွေပုဂံကျေးရွာမှာတော့ အရင်က နှစ်ကြိမ်၊ ဒီတကြိမ်နဲ့ဆိုရင် သုံးကြိမ်မြောက် စီးနင်းဝင်ရောက်တာလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013