မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ် လယ်ကြီးအရှေ့ရွာက အုပ်ချုပ်ရေးမှူးတစ်ယောက် သြဂုတ် ၂၄ ရက်နေ့ ညက သေနတ်နဲ့ အပစ်ခံရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
လယ်ကြီးအရှေ့ရွာက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးဝင်းဆွေကို မနေ့ညက ဒေသခံလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် ဒဏ်ရာအပြင်းထန်ရရှိခဲ့ပြီး ကလေးဆေးရုံ ပို့ဆောင်လိုက်တယ်လို့ ရွာခံတစ်ယောက်က ပြောပါတယ်။

အဲဒီအုပ်ချုပ်ရေးမှူးဟာ စစ်ကောင်စီတပ်တွေနဲ့ ပူးပေါင်းပြီးတော့ ဒေသခံရွာသားတွေကို နည်းမျိုးစုံနဲ့ ဒုက္ခအမျိုးမျိုးပေးတာကြောင့် အခုလို သေနတ်နဲ့ အပစ်ခံရတာဖြစ်ပြီး ဘယ်အဖွဲ့က လုပ်တယ်ဆိုတာကိုတော့ အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။
ဂန်ဂေါ-ကလေး ကားလမ်းက ကျေးရွာတချို့မှာ စစ်ကောင်စီက တပ်စွဲပြီးတော့ စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံရွာသားတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။