DVB Logo
Home
မြန်မာသတင်း
အောင်လံလွှင့်ချီနွေဦးထီလက်မှတ် ၅ ရက်အတွင်း ငွေကျပ်သိန်း ၅၀၀၀ ဖိုးရောင်းချရ
DVB
·
August 24, 2021
အောင်လံလွှင့်ချီနွေဦးထီလက်မှတ်  ၅ ရက်အတွင်း ငွေကျပ်သိန်း ၅၀၀၀ ဖိုးရောင်းချရ
Donate to DVB

အောင်လံလွှင့်ချီနွေဦးထီကို ဩဂုတ် ၁၅ ရက်မှ  ၁၉ ရက်အထိ  ၅ ရက်ကြာရောင်းချခဲ့ရာမှာ ထီလက်မှတ်အစောင်ရေ ၂ သိန်းခွဲ ငွေကျပ်သိန်း ၅၀၀၀ ဖိုး ရောင်းချနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ စီမံကိန်း၊ ဘဏ္ဏာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က ဩဂုတ် ၂၄ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။ 

နည်းပညာပိုင်းဆိုင်ရာ ပြင်ဆင်စရာတွေရှိတဲ့အတွက် နွေဦးထီရောင်းချမှုကို ဩဂုတ် ၂၀ ရက်ကနေ  ရက်သတ္တပတ်နှစ်ပတ်ကြာ ရပ်နားထားဖို့ရှိနေပါတယ်။

နွေဦးထီလက်မှတ်တွေရောင်းချထားပြီးဖြစ်ပေမယ့် ငွေကြေးလက်ခံရရှိဖို့နဲ့ လုပ်ငန်းလည်ပတ်အောင်ဆောင်ရွက်ဖို့ အချိန်တခုတော့ စောင့်ရဦးမယ်လို့ ဆိုပါတယ်။

ဝန်ကြီးဦးတင်ထွန်းနိုင်က "သိန်းငါးထောင်မှာ သိန်း ၃၅၀၀ လောက်ကို CDM ဝန်ထမ်းတွေဆီလွှဲ ပြောင်းပေးသွားမှာဖြစ်ပါတယ်။ တစ်ယောက်ကို အများဆုံးတစ်သိန်း ထောက်ပံ့ဖို့ ရည်ရွယ်ထားပါတယ်။ ပြည်သူလူထုဆီကို ပွင့်လင်းမြင်သာမှုရှိစွာ သတင်းထုတ်ပြန်ပေးသွားမှာ ဖြစ်ပါတယ်။"လို့ပြောပါတယ်။ 

နွေဦးထီထိုးတဲ့ Kpay အကောင့်တွေကို စစ်ကောင်စီက ပိတ်သိမ်းတာမျိုးရှိနေတယ်လို့ ထွက်ပေါ်နေတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး သတင်းအမှားတွေသာ ဖြစ်တဲ့ အကြောင်းနဲ့ နွေဦးထီလက်မှတ်ရောင်းရငွေတွေကိုလက်ခံဖို့ NUG အစိုးရက Wave Money ငွေလွှဲစနစ်တစ်ခုတည်းကို အသုံးပြုတယ်လို့ဆိုပါတယ်။

"Wave Money တစ်မျိုးတည်းကို အသုံးပြုနေတာဖြစ်ပါတယ်။ Kpay အကောင့်တွေပိတ်တယ်ဆိုတာသတင်းအမှားတွေဖြစ်ပါတယ်။ သူတို့ Wave Money တို့လို ပလက်ဖောင်းတွေကိုလည်း သူတို့လိုက်ပိတ်ဆို့တာမျိုးဖြစ်လာနိုင်ပါတယ်။ ထီပြန်ရောင်းတဲ့အခါ ပိုပြီးလုံခြုံတဲ့စနစ်တွေကို အသုံးပြုသွားမှာပါ။ ပြည်သူတွေဆောင်ရန် ရှောင်ရန်တွေကို ထုတ်ပြန်ပေးသွားမှာဖြစ်ပါတယ်။"လို့ ဝန်ကြီးကပြောပါတယ်။

အောင်လံလွှင့်ချီနွေဦးထီအောင်မြင်တာဟာ ပြည်သူတွေစည်းလုံးမှုရဲ့အောင်ပွဲသာဖြစ်တယ်လို့ NUG ခေါင်းဆောင်တွေက ပြောပါတယ်။

တော်လှန်ရေးအဓိက ယန္တရားဖြစ်တဲ့ CDM ဝန်ထမ်းတွေကို ပံ့ပိုးဖို့ တာဝန်အပြည့်အဝရှိတယ်လို့ လက်ခံထားတဲ့အတွက် နွေဦးထီကိုအကောင်အထည်ဖော်တာလို့လည်း ဆိုပါတယ်။ နွေဦးထီရောင်းရငွေတွေထဲက ၇၀ ရာခိုင်နှုန်းကို CDM ဝန်ထမ်းတွေနဲ့ PDF ကို ပံ့ပိုးသွားမယ်လို့ NUG ကကြေညာထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013