DVB Logo
Home
မြန်မာသတင်း
ကိုဗစ်ကာကွယ်ဆေးထိုးပေးရန် NUG အစိုးရက လမ်းကြောင်း ၂ ခုဖြင့်စီစဉ်နေ
DVB
·
August 24, 2021
ကိုဗစ်ကာကွယ်ဆေးထိုးပေးရန် NUG အစိုးရက လမ်းကြောင်း  ၂ ခုဖြင့်စီစဉ်နေ
Donate to DVB

အမျိုးသားညီညွတ်ရေးအစိုးရက ပြည်သူတွေကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးနိုင်ဖို့ ကြိုးစားနေပြီး ကာကွယ်ဆေးရဖို့ လမ်းကြောင်းနှစ်ခုကနေ စီစဉ်နေတယ်လို့ အမျိုးသားကျန်းမာရေးကော်မတီ ဉက္ကဋ္ဌ ဖဒိုမန်းမန်းက ဩဂုတ် ၂၄ ရက်နေ့မှာပြုလုပ်တဲ့ NUG အစိုးရ ရဲ့သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအခြေစိုက်တဲ့ နယ်စပ်ကနေ ကိုဗစ် ကာကွယ်ဆေးတွေကိုရယူနိုင်ဖို့ ကြိုးစားနေသလို ရန်ကုန်လေဆိပ်ကိုရောက်လာမယ့် နိုင်ငံတကာကပံ့ပိုးတဲ့ကာကွယ်ဆေးတွေကိုတော့ ကုလသမဂ္ဂက ကြားဝင်လက်ခံယူပေး ဖို့လိုတယ်လို့ ဆိုပါတယ်။

အမျိုးသားကျန်းမာရေးကော်မတီ ဥက္ကဋ္ဌ ဖဒိုမန်းမန်းက "ကိုဗစ်ကာကွယ်ဆေးထိုးခွင့်ရဖို့ ကာကွယ်ဆေးစီးဆင်းမှု နှစ်ပိုင်းရှိပါတယ်။ တစ်လမ်းက Cross Border က ဖြစ်ပါတယ်။ ဒါကို တိုင်းရင်းသားလက်နက်ကိုင်တွေကကူညီပေးရမှာဖြစ်ပါတယ်။ ရန်ကုန်လေဆိပ်က ဝင်လာမယ်ဆိုလည်း Third Party UN အေဂျင်စီက လက်ခံယူပေးရမှာဖြစ်ပါတယ်။ ထိုးနှံတဲ့အခါမှာလည်း UN အေဂျင်စီကပဲထိုးပေးရမှာပဲဖြစ်ပါတယ်။ ကာကွယ်ဆေးထိုးပေးနိုင်ဖို့က အဖြေတွေနည်းလမ်းတွေ အများကြီးရှာရဦးမှာဖြစ်ပါတယ်။"

စစ်ကောင်စီကတော့ NLD အစိုးရလက်ထက်တုန်းကရထားတဲ့ကာကွယ်ဆေးတွေကို ပြည်သူတွေကို ထိုးပေးနေတယ်ဆိုပေမဲ့ စနစ်တကျနည်းလမ်းတွေတော့ အသုံးပြုတာမတွေ့ရဘူးလို့  ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး ကပြောပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ ကာကွယ်ဆေးတွေထိုးတဲ့အခါ လိုက်နာကျင့်သုံးရမယ့် စည်းကမ်းတွေကို စစ်ကောင်စီက လိုက်နာမှုမရှိဘူးလို့လည်းဆိုပါတယ်။ စစ်ကောင်စီထိုးပေးတဲ့ ကာကွယ်ဆေးတွေကို ပြည်သူတွေထိုးမထိုးဆိုတာက ပြည်သူတွေရဲ့ လူ့အခွင့်အရေးရပိုင်ခွင့်ဖြစ်တဲ့အတွက် ကိုယ်တိုင်ရွေးချယ်ကြရမှာဖြစ်ပြီး NUG ခေါင်းဆောင်တွေက တားမြစ်တဲ့ အခြေအနေတော့ မရှိပါဘူး။

ဒေါက်တာဇော်ဝေစိုးက "စစ်ကောင်စီရဲ့ဆေးတွေမဟုတ်ပါဘူး။ NLD လက်ထက်မှာ စုဆောင်းဝယ်ယူထားတဲ့ဆေးတွေဖြစ်ပါတယ်။ ကာကွယ်ဆေးထိုး တယ်ဆိုတာ Right To Vaccine လူ့ရပိုင်ခွင့်ဖြစ်ပါတယ်။ ကိုယ်တိုင်ဆုံးဖြတ်ရွေးချယ်ခွင့်ရှိပါတယ်။  WHO ရဲ့စည်းကမ်းအတိုင်း ထိုးရမှာဖြစ်ပါတယ်။ အခုထိုးနေတဲ့အစီအစဉ်ဟာ စည်းကမ်းအတိုင်း စနစ်တကျထိုးတာမျိုး မဟုတ်ပါဘူး။"လို့ ပြောပါတယ်။ 

အမျိုးသားညီညွတ်ရေးအစိုးရက ကိုဗစ်ကာကွယ်ဆေး သန်း ၂၀လောက်အထိ ရဖို့ရှိနေတယ်လို့ဆိုပါတယ်။

ဩဂုတ် ၅ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ တိုင်းရင်းသားကျန်းမာရေးအဖွဲ့တွေပူးပေါင်းပြီး အမျိုးသားကျန်းမာရေးကော်မတီကို ဖွဲ့စည်းခဲ့ပါတယ်။ အမျိုးသားကျန်းမာရေးကော်မတီ ဖွဲ့စည်းတဲ့ရည်ရွယ်ချက် ၄ ခုရှိပြီး ကိုဗစ်ကာကွယ်ဆေးထိုးပေးဖို့နဲ့ ကျန်းမာရေးဆိုင်ရာ ပြဿနာတွေကို အရေးပေါ်တုံ့ပြန်ဆောင်ရွက်နိုင်ဖို့ စတဲ့ရည်ရွယ်ချက်တွေပါဝင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013