DVB Logo
Home
မြန်မာသတင်း
အကြမ်းဖက်စစ်ကောင်စီ၏ ထိုးစစ်ဆင်မှုကို တိုင်းရင်းသားလက်နက်ကိုင်များ ပြန်လည်ခုခံမည်
DVB
·
August 24, 2021
အကြမ်းဖက်စစ်ကောင်စီ၏ ထိုးစစ်ဆင်မှုကို တိုင်းရင်းသားလက်နက်ကိုင်များ ပြန်လည်ခုခံမည်
Donate to DVB

အကြမ်းဖက်စစ်ကောင်စီတပ်တွေက တိုင်းရင်းသားလက်နက်ကိုင်တွေကို ထိုးစစ်ဆင်ဖို့ပြင်ဆင်နေတာကို ပြည်လည်ခုခံသွားမယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU Concerned Group ဦးဆောင်သူ နော်စီဖိုးရာစိန်ပြောကြားလိုက်ပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (KNU) နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)တို့ အခြေစိုက်တဲ့ဒေသတွေကို ထိုးစစ်ဆင်ဖို့ စစ်ကောင်စီက ဩဂုတ်လ ဒုတိယအပတ်မှာ စတင်ပြင်ဆင်နေတာပါ။

KNU တပ်မဟာ အားလုံးနီးပါးကို ထိုးစစ်ဆင်ဖို့ စစ်ကောင်စီက ကြိုးစားနေပေမယ့် တော်လှန်ရေးခရီးကိုရှေ့ဆက်သွားမယ်လို့ KNU Concerned Group ဦးဆောင်သူ နော်စီဖိုးရာစိန်က ဩဂုတ်လ ၂၄ရက်နေ့က ပြုလုပ်တဲ့အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့သတင်းစာရှင်း လင်းပွဲမှာပြောပါတယ်။

နော်စီဖိုးရာစိန်က "တိုင်းရင်းသားတန်းတူရေး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရေး ဖက်ဒရယ်ပြည်ထောင်စုထူထောင်နိုင်ရေးရည်ရွယ်ချက်တွေနဲ့ တော်လှန်ရေးကိုဆောင်ရွက်နေတာ ဖြစ်ပါတယ်။ စစ်အာဏာသိမ်းအဖွဲ့ဟာ အင်အားတွေရှိနေသေးပေမယ့် စိတ်ဓာတ်ကတော့ မရှိတော့ဘူး။ အစိုးရလုပ်ငန်းတွေကိုလည်းမလုပ်နိုင်တော့ဘူး။ တိုင်းရင်းသားဒေသတွေမှာ ထိုးစစ်တွေများလာတယ်။ ကျမတို့ကတော့ တော်လှန်ရေးခရီးစဉ်ကိုသွားရမှာဖြစ်ပါတယ်။ ပြည်သူနဲ့အတူတကွသွားမယ်ဆိုရင်အောင်မြင်မယ်လို့ပြောချင်ပါတယ်။”လို့ ပြောပါတယ်။ 

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမိုးဇော်ဦးကလည်း "စစ်ကောင်စီက ထိုးစစ်ဆင်ဖို့ပြင်ဆင်လာတာကြောင့် တိုင်းရင်းသားဒေသတွေက ပြည်သူတွေအတွက် စိုးရိမ်ရတဲ့အခြေအနေဖြစ် ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေက စစ်ကောင်စီကို ခုခံနေသလို အမျိုးသားညီညွတ်ရေးအစိုးရရဲ့ PDF တွေကလည်း တိုင်းရင်းသားတွေကို ကူညီသွားမှာဖြစ်တယ်”လို့  ပြောပါတယ်။ 

စစ်ဘေးသင့်ဖြစ်လာနိုင်တဲ့ ပြည်သူတွေကိုလည်း လူသားချင်းစာနာထောက်ထားတဲ့ အကူအညီတွေပေးနိုင်ဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့လည်း  ဆိုပါတယ်။

"တိုင်းရင်းသားဒေသတွေမှာ စစ်ရေးအရထိုးနှက်ဖို့ပြင်ဆင််နေတာက စစ်ကောင်စီပဲဖြစ်ပါတယ်။ ကျနော်တိုမှာ မလွှဲသာလို့ ခုခံဖို့ပြင်ဆင်ရမှာဖြစ်ပါတယ်။ ခုခံတဲ့အခါမှာလည်း ကျနော်တို့အစိုးရအနေနဲ့၊ ကျနော်တို့ PDF တွေအနေနဲ့ စစ်သည်တွေလိုက်နာရမယ်ကျင့်ဝတ်တွေ နိုင်ငံတကာစည်းမျဉ်းအတိုင်းလိုက်နာဖို့ ဆောင်ရွက်ထားပါတယ်။ အရပ်သားတွေမထိခိုက်ဖို့က အရေးတကြီးစဉ်းစားရတာဖြစ်ပါတယ်။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေပေးနိုင်ဖို့လည်း ပြင်ဆင်ထားပါတယ်။"လို့ ဦးမိုးဇော်ဦးက ပြောပါတယ်။ 

အမျိုးသားညီညွတ်ရေးအစိုးရဟာ  သံတမန်ရေးရာတိုက်ပွဲတွေ၊ ဘဏ္ဍာရေးဆိုင်ရာတိုက်ပွဲတွေ၊ ဆက်သွယ်ရေးဆိုင်ရာ တိုက်ပွဲတွေ ဆက်တိုက်ဆောင်ရွက်နေတယ်လို့ နိုင်ငံခြားရေးဒုဝန်ကြီး ဦးမိုးဇော်ဦးကပြောပါတယ်။

တစ်နိုင်ငံလုံးတိုက်ပွဲခေါ်မယ့် D Day ကို ရက်တိတိကျကျမသတ်မှတ်ရသေးပေမယ့် တော်လှန်ရေးဆောင်ရွက်နေတဲ့ရက်တိုင်းဟာ တိုက်ပွဲနေ့တွေပဲဖြစ်တယ်လို့ NUG ခေါင်းဆောင်တွေက ပြောထားပါတယ်။

Photo Credit- KNU Info

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013