DVB Logo
Home
မြန်မာသတင်း
ကမ္ဘာ့ဘေးအကင်းဆုံးမြို့တော် ၆၀ စာရင်းတွင် မြို့တော်ရန်ကုန်က အောက်ဆုံးအဆင့်တွင် ရှိနေ
DVB
·
August 24, 2021
ကမ္ဘာ့ဘေးအကင်းဆုံးမြို့တော် ၆၀ စာရင်းတွင် မြို့တော်ရန်ကုန်က အောက်ဆုံးအဆင့်တွင် ရှိနေ
Donate to DVB

နာမည်ကျော် The Economist မဂ္ဂဇင်းကနေ ထုတ်ပြန်တဲ့ ၂၀၂၁ ခုနှစ် ကမ္ဘာ့ဘေး အကင်းဆုံး မြို့တော် ၆၀ စာရင်းမှာ မြို့တော်ရန်ကုန်က အောက်ဆုံးအဆင့်မှာ ရှိနေပါတယ်။ 

ဒီစာရင်းရဲ့ ထိပ်ဆုံးနေရာမှာတော့ ဒိန်းမတ်နိုင်ငံမြို့တော် ကိုပင်ဟေဂင်က ကမ္ဘာ့ ဘေးအကင်းဆုံးမြို့တော်အဖြစ် ရပ်တည်နေတာ ဖြစ်ပါတယ်။

နှစ်နှစ်တကြိမ် ဆန်းစစ်တဲ့ ဒီသုတေသနစစ်တမ်းမှာ ကမ္ဘာ့မြို့ကြီးပေါင်း ၆၀ ကို လေ့လာ သုတေသနပြုလုပ်ခဲ့တာဖြစ်ပြီး နိုင်ငံတနိုင်ငံရဲ့ အခြေခံအဆောက်အအုံဆိုင်ရာ လုံခြုံမှု၊ လူတဦးချင်းစီရဲ့ ပုဂ္ဂလိကလုံခြုံမှု၊ သဘာဝပတ်ဝန်းကျင်၊ ကျန်းမာရေးစနစ် စတဲ့ ညွှန်ကိန်းပေါင်း ၅၇ ခုကနေ တွက်ထုတ်ထားတဲ့ ရလဒ်တွေပေါ် အခြေခံပြီး အဆင့်သတ်မှတ်တာ ဖြစ်ပါတယ်။ 

ထိပ်တန်းမြို့တော် ၅ ခုအဖြစ် ကိုပင်ဟေဂင်မြို့ရဲ့နောက်မှာ တိုရွန်တို၊ စင်ကာပူ၊ ဆစ်ဒနီနဲ့ တိုကျိုမြို့တွေက အသီးသီး ရပ်တည်နေကြတာပါ။ 

အာဆီယံနိုင်ငံတွေထဲမှာတော့ မလေးရှားနိုင်ငံမြို့တော် ကွာလာလမ်ပူက အဆင့် ၃၂၊ ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်က အဆင့် ၄၃၊ ဗီယက်နမ်နိုင်ငံမြို့တော် ဟိုချီမင်းက အဆင့် ၄၅၊ အင်ဒိုနီးရှားနိုင်ငံမြို့တော် ဂျကာတာက အဆင့် ၄၆၊ ဖိလစ်ပိုင်နိုင်ငံမြို့တော် မနီလာက အဆင့် ၅၁ အသီးသီးရှိနေကြပြီး မြန်မာနိုင်ငံမြို့တော် ရန်ကုန်မြို့က အဆင့် ၆၀ နဲ့ ရပ်တည်နေကြတာ ဖြစ်ပါတယ်။ 

သုတေသနစစ်တမ်းမှာ အဓိကအပိုင်းတွေအနေနဲ့ ဒီဂျစ်တယ်လုံခြုံမှုဆိုင်ရာ၊ ကျန်းမာရေး လုံခြုံမှုဆိုင်ရာ၊ နိုင်ငံ့အခြေခံအဆောက်အအုံ လုံခြုံမှုဆိုင်ရာ၊ လူတဦးချင်းစီရဲ့ ပုဂ္ဂလိက လုံခြုံမှုဆိုင်ရာနဲ့ သဘာဝပတ်ဝန်းကျင်လုံခြုံမှုဆိုင်ရာ အဆင့်သတ်မှတ်ချက်တွေပါ ဝင်ပြီး စုစုပေါင်းရမှတ် ၁၀၀ အထိ သတ်မှတ်ထားရာမှာ ရန်ကုန်မြို့က ပျမ်းမျှအမှတ်အောက် ၃၉ ဒဿမ ၅ မှတ်နဲ့ အောက်ဆုံးအဆင့်မှာ ရှိနေခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်တုန်းကလည်း ရန်ကုန်မြို့က ကမ္ဘာ့ဘေးအကင်းဆုံးမြို့တော် ၆၀ စာရင်း ရဲ့ အောက်ဆုံး ၅ နိုင်ငံထဲမှာ ပါဝင်နေခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013