DVB Logo
Home
မြန်မာသတင်း
ရေစကြိုမြို့နယ်ထဲ စခန်းချထားသည့် ပခုက္ကူတက္ကသိုလ်ကျောင်းသားများ အဖမ်းခံရ
DVB
·
August 23, 2021
ရေစကြိုမြို့နယ်ထဲ စခန်းချထားသည့် ပခုက္ကူတက္ကသိုလ်ကျောင်းသားများ အဖမ်းခံရ
1 / 5
Donate to DVB

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စခန်းချထားတဲ့ ပခုက္ကူ ဗကသကျောင်းသားတွေကို သြဂုတ် ၂၃ ရက် မနက်ပိုင်းမှာ စစ်တပ်က လာရောက်ဖမ်းဆီးသွားပါတယ်။

မြေမလှ ကျေးရွာအနီးမှာ စခန်းချနေထိုင်တဲ့ ဗကသ စခန်းတစ်ခုကို ဒီကနေ့မနက်ပိုင်းက အကြမ်းဖက်စစ်အုပ်စုတွေ အင်အားအလုံးအရင်းနဲ့ သေနတ်တွေ ပစ်ဖောက်ပြီး ထိုးစစ်ဆင်လာတာကြောင့် တက္ကသိုလ်ကျောင်းသားတစု အဖမ်းခံလိုက်ရတယ်လို့ ဒေသခံတစ်ယောက်က ဒီဗွီဘီကို ပြောပါတယ်။

အဲဒီရွာနားမှာ စခန်းချဖို့ စီစဥ်နေတုန်းမှာ အဖမ်းခံခဲ့ရတာဖြစ်ပြီးတော့ လုပ်သေနတ်တချို့နဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းခံခဲ့ရတာလို့ ဆိုပါတယ်။

အဖမ်းခံရတဲ့ ကျောင်းသား အရေအတွက်နဲ့ လက်နက်အရေအတွက်တွေကိုတော့ အကြမ်းဖက်စစ်အုပ်စုတွေ ဝိုင်းထားတာကြောင့် အတည်မပြုနိုင်သေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013