DVB Logo
Home
မြန်မာသတင်း
ကိုဗစ်လူနာများကို သတ်မှတ်ချက်နှင့်အညီ KBC က စတင်လက်ခံကုသပေး
DVB
·
August 23, 2021
ကိုဗစ်လူနာများကို သတ်မှတ်ချက်နှင့်အညီ KBC က စတင်လက်ခံကုသပေး
1 / 5
Donate to DVB

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် KBC က ကိုဗစ်-၁၉ ကုသ‌ရေး စင်တာဆောက်လုပ်ပြီးစီးသွားပြီ ဖြစ်တာကြောင့်  ပိုးတွေ့အတည်ပြုလူနာ‌တွေကို အကန့်အသတ်နဲ့ စတင်လက်ခံကုသပေးနေပြီလို့ သိရပါတယ်။

မြစ်ကြီးနားမြို့ နာယန် KBC သင်ကြားရေးသင်တန်းကျောင်းရှိ ကိုဗစ်-၁၉ စင်တာမှာ ကျန်းမာရေး၀န်ထမ်းအင်အား စုစုပေါင်း ၃၇ ဦးနဲ့ အချိန်ပြည့်၀န်ဆောင်မှု‌ပေးကာ ကိုဗစ်လူနာ စုစုပေါင်း ၈၅ ဦးကို လက်ခံကုသပေးနေတယ်လို့ ဦးဆောင်နေတဲ့ တာ၀န်ရှိသူတဦးက ပြောပါတယ်။

လုပ်ဆောင်နိုင်မှု အကန့်အသတ်ရှိတာကြောင့် ရောဂါအလွန်ပြင်းထန်တဲ့ လူနာတွေအနေနဲ့‌တော့ မြစ်ကြီးနားမြို့ ပြည်သူ့ ဆေးရုံမှာသာ သွားရောက် ကုသဖို့ တိုက်တွန်းထားတယ်လို့ ဆိုပါတယ်။

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) က ကျန်းမာရေးမိတ်ဖက်အဖွဲ့အစည်းတွေ၊ ရန်ပုံငွေထောက်ပံ့‌တဲ့ အဖွဲ့အစည်းတွေနဲ့ လက်တွဲကာ ကိုဗစ်-၁၉ ရောဂါအား ကာကွယ်ထိန်းချုပ် ကုသနိုင်ဖို့ နည်းလမ်းမျိုးစုံနဲ့ ကြိုးစားဆောင်ရွက်နေသလို အခုကုသရေးစင်တာကိုလည်း ပြည်သူအားလုံးအတွက် ရည်ရွယ်လုပ်‌ဆောင်တာလို့ တာ၀န်ရှိသူက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013