DVB Logo
Home
မြန်မာသတင်း
ထီးလင်း လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဝင်းနှင့် လူငယ် ၁ ဦး အဖမ်းခံရ
DVB
·
August 22, 2021
ထီးလင်း လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဝင်းနှင့် လူငယ် ၁ ဦး အဖမ်းခံရ
Donate to DVB

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြိုနယ်၊ ဆားကျင်းကျေးရွာမှာ သြဂုတ် ၂၂ ရက်နေ့မနက်ပိုင်းက မကွေးတိုင်း NLD အလုပ်အမှုဆောင် ထီးလင်းလွှတ်တော်ကိုယ်စားလှယ် ဦးဌေးဝင်းနဲ့ လူငယ်တစ်ယောက်အဖမ်းခံလိုက်ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ရွာခံတစ်ယောက်က “စဘေအုပ်စု ဆားကျင်းကျေးရွာကို ဒီကနေ့မနက် ၈ နာရီလောက်က အကြမ်းဖက်စစ်အုပ်စုရဲ့လက်ပါးစေ မြစ်ခြေရဲစခန်းက ရဲ ၈ ယောက်က ဦးဌေးဝင်းနဲ့ အဲဒီရွာက အိမ်ရှင်ရဲ့သား အသက် ၁၅ နှစ်အရွယ် ၈ တန်းကျောင်းသား မောင်အကြီးကောင်ကို လာရောက်ဖမ်းဆီးသွားတာ” လို့ ပြောပါတယ်။

ဦးဌေးဝင်းကို စစ်ကောင်စီက ဖမ်းဝရမ်းထုတ်ထားတာမရှိဘဲ မြစ်ခြေရဲတွေ လာဖမ်းတဲ့ အချိန်မှာလည်း ရပ်ရွာလူကြီးတွေမပါဘဲ ဆိုင်ကယ်နဲ့ လာရောက်ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။

ဆားကျင်းကျေးရွာမှာ အိမ်ခြေ ၁၆၀ လောက်သာရှိပြီး ဦးဌေးဝင်းဟာ ဆိုင်ကယ်ဘီးပေါက်လို့ ခဏဝင်နားတာဖြစ်ပြီး အဲဒီကျေးရွာမှာ စစ်အုပ်စု သတင်းပေးဒလန် လုံးဝမရှိဘူးလို့ ရွာခံတွေဆီကနေ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013