DVB Logo
Home
မြန်မာသတင်း
မင်းကင်းမြို့ရှိ ကောက်စိုက်သမအဖွဲ့က လုပ်အားခများအားလုံး PDF အတွက်လှူဒါန်း
DVB
·
August 22, 2021
မင်းကင်းမြို့ရှိ ကောက်စိုက်သမအဖွဲ့က လုပ်အားခများအားလုံး PDF အတွက်လှူဒါန်း
Donate to DVB

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်ထဲက ကောက်စိုက်သမ တစ်ဖွဲ့ဟာ မင်းကင်းတောင်တွင်း PDF ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအတွက် သူတို့ရတဲ့ လုပ်အားခ အားလုံးကို ကူညီလှူုဒါန်းမယ်လို့ ပြောပါတယ် ။

“တရက်ကို လူတယောက်လုပ်အားခ ကျပ် ၃၀၀၀ ရတယ်။ ၁၀ ယောက်လောက်စီ စိုက်ကြတာပေါ့။ ကောက်စိုက်ကွက်တွေ ကျန်သမျှဆက်စိုက်ပြီး ရတာအားလုံး PDF ကို လှူမယ်” လို့ ကောက်စိုက်သမတယောက်က ပြောပါတယ်။

ဒီလ ၁၈ ရက်နေ့က စတင်စုဆောင်းခဲ့တာဖြစ်ပြီး အခုတော့ ကျပ် တစ်သိန်းနီးပါးရနေပြီလို့ သူတို့က ပြောပါတယ်။

ပြည်သူတွေအတွက် ကာကွယ်ပေးနေတဲ့ သူရဲကောင်းတွေအတွက် တထောင့်တနေရာကနေ ကိုယ်တတ်နိုင်တဲ့နေရာက ကိုယ်တတ်နိုင်သလောက် ပါဝင်ကူညီချင်လို့ အခုလို ပါဝင်ကူညီဖို့ ဆုံးဖြတ်လိုက်တာလို့ ကောက်စိုက်သမတယောက်က ပြောပါတယ်။

ကောက်စိုက်အဖွဲ့ဝင်တယောက်ကလည်း “အိမ်မှာ စားဝတ်နေရေးက အဆင်ပြေနေပါ သေးတယ်။ တောထဲတောင်ထဲ ပြည်သူတွေ အားလုံးအတွက် အနစ်နာခံပြီး ကာကွယ်ပေးနေကြတဲ့ သူရဲကောင်းတွေကို လှူချင်တန်းချင်လို့ အခုလို ကောက်စိုက်ပြီး ရတဲ့ငွေကို လှူကြဖို့ အစောကပဲ အဖွဲ့လိုက် တိုင်ပင်ဆုံးဖြတ်ပြီးသားပါ” လို့ ပြောပါတယ်။

ပြီးတော့ သူတို့လိုမျိုး တခြားသူတွေကလည်း တတ်နိုင်သလောက် ပါဝင်ကူညီကြဖို့ သူတို့အဖွဲ့က တိုက်တွန်းပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013