DVB Logo
Home
မြန်မာသတင်း
ထန်တလန် CDF နှင့်တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီ တပ်သား ၅ ဦးထက်မနည်းသေဆုံး
DVB
·
August 22, 2021
ထန်တလန် CDF နှင့်တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီ တပ်သား ၅ ဦးထက်မနည်းသေဆုံး
1 / 2
Donate to DVB

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်ထဲမှာ သြဂုတ် ၂၀ ရက်နဲ့ ၂၁ ရက်နေ့ တွေက ထန်တလန် CDFနဲ့ တိုက်ပွဲဖြစ်ပွားပြီးတော့ စစ်ကောင်စီတပ်သား ၅ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ CDF တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ဟားခါးနဲ့ ထန်တလန်မြို့ကြားမှာ အကြမ်းဖက်စစ်အုပ်စုတွေက ထိုးစစ်ဆင်လာလို့ ထန်တလန် CDF က ခုခံတိုက်ခိုက်ရာမှာ စစ်ကောင်စီဘက်က ၅ ယောက်ထက်မနည်း သေဆုံးပြီးတော့ CDF တပ်ဖွဲ့ဘက်က ထိခိုက်မှုမရှိဘူးလို့ ဆိုပါတယ်။

အကြမ်းဖက်စစ်အုပ်စုတွေဘက်က လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်တာကြောင့် CDFတပ်ဖွဲ့ဘက်က ဆုတ်ခွာပေးလိုက်တယ်လို့ ထုတ်ပြန်ပါတယ်။ 

ချင်းပြည်နယ်ထဲက တိုက်ပွဲတွေနဲ့ စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးမှုသတင်းတွေနဲ့ ပတ်သက်လို့  စစ်ကောင်စီဘက်ကတော့ တကြိမ်မှ သတင်းထုတ်ပြန်တာမရှိပါဘူး။ 

ထန်တလန် ပြည်သူတွေအနေနဲ့ အခုအချိန်မှာ အကြမ်းဖက်စစ်အုပ်စုတွေ  အင်အား ၂၀၀ လောက်နဲ့  ဝင်ရောက်နေတာကြောင့် မြို့ဝင် မြို့ထွက် သွားလာကြရာမှာ အထူးသတိထားကြဖို့ CDF တပ်ဖွဲ့က တိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013