DVB Logo
Home
မြန်မာသတင်း
ဂျာနယ်လစ် ဦးစည်သူအောင်မြင့်ကိုအကြည်ညိုပျက်စေမှုဖြင့်တရားထပ်စွဲ၊ မထက်ထက်ခိုင်ကို ပုဒ်မ ၁၇(၁) ဖြင့်အရေးယူမည်
DVB
·
August 22, 2021
ဂျာနယ်လစ် ဦးစည်သူအောင်မြင့်ကိုအကြည်ညိုပျက်စေမှုဖြင့်တရားထပ်စွဲ၊ မထက်ထက်ခိုင်ကို ပုဒ်မ ၁၇(၁) ဖြင့်အရေးယူမည်
Donate to DVB

ပုဒ်မ ၅၀၅(က)နဲ့ အမှုဖွင့် ဖမ်းဆီးခံထားရတဲ့  ဝါရင့်သတင်းစာဆရာ ဦးစည်သူအောင်မြင့်ကို ပုဒ်မ  ၁၂၄ (က) အကြည်ညိုပျက်စေမှုနဲ့ ထပ်မံတရားစွဲပြီး သူနဲ့အတူဖမ်းမိတဲ့ BBC Media Action မှ မထက်ထက်ခိုင်ကိုလည်း မတရားသင်း ဥပဒေ ပုဒ်မ ၁၇(၁)နဲ့ အမှုဖွင့်အရေးယူမယ်လို့ စစ်ကောင်စီပြန်ကြားရေးက ကြေညာပါတယ်။ 

VOA နဲ့ Frontier Myanmar သတင်းဌာနတို့ရဲ့ ပင်တိုင်ဆောင်းပါးရှင် ဦးစည်သူအောင်မြင့်နဲ့ BBC  အလွတ်တန်းသတင်းထောက် ထက်ထက်ခိုင်တို့ကို  ဩဂုတ် ၁၅ ရက်ညက  ရန်ကုန်၊ ဗဟန်းမြို့နယ်ရှိ ရွှေဂုံရိပ်မွန်အိမ်ရာ၊ တိုက်ခန်းတခုမှာ တွေ့ရှိ ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။  

ဦးစည်သူအောင်မြင့်ဟာ VOA၊ Frontier Myanmar Magazine တွေရဲ့ ပင်တိုင်ဆောင်းပါးရှင် တယောက်ဖြစ်ပြီး အကြမ်းဖက်စစ်အုပ်စုကို ဝေဖန်တဲ့ သတင်းဆောင်းပါး၊ သုံးသပ်ချက်တွေနဲ့ သရော်စာတွေရေးသားတာကြောင့် ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က)နဲ့ တရားစွဲဆိုခံထားရတာ ဖြစ်ပါတယ်။

စစ်တပ်က ဦးစည်သူအောင်မြင့်ကိုဖမ်းဆီးပြီးနောက် ရန်ကုန်မှာရှိတဲ့  စစ်ကြောရေးစခန်းတစ်ခုသို့  ခေါ်သွားတဲ့အကြောင်းနဲ့ အဆက်အသွယ်မရသေးဘူးလို့ အမှုအတွက်လိုက်ပါဆောင်ရွက်ပေးမယ့် ရှေ့နေတစ်ဦးက မီဒီယာတွေကိုပြောပါတယ်။ 

အလားတူ မထက်ထက်ခိုင်ဟာလည်း ဦးစည်သူအောင်မြင့်ကို သူ့ရဲ့နေအိမ်မှာ ပုန်းရှောင်နေနိုင်ဖို့ လက်ခံထားတာနဲ့၊ NUG မှ နေ့စဉ်ထုတ်လွှင့်တဲ့ Federal FM မှာ Volunteer အယ်ဒီတာအဖြစ် လုပ်ကိုင်ခဲ့တယ်လို့ စွပ်စွဲပြီး မတရားအသင်းနှင့် ဆက်သွယ်ဆောင်ရွက်မှုဥပဒေပုဒ်မ ၁၇(၁)နဲ့ အမှုဖွင့်အရေးယူမယ်လို့  စစ်ကောင်စီက သတင်းထုတ်ပါတယ်။

မထက်ထက်ခိုင်ဟာ BBC Media Action မှာ အလွတ်တန်းထုတ်လုပ်ရေးမှူးအဖြစ်တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး ‘ခံစားကြည့်” ရုပ်သံအစီအစဉ်မှာ တင်ဆက်သူတစ်ဦးအဖြစ်လည်း ဆောင်ရွက်ခဲ့ပါတယ်။

မထက်ထက်ခိုင်ရဲ့ လုံခြုံရေးအတွက်စိုးရိမ်တဲ့အကြောင်းနဲ့ အခြေအနေတွေကို အနီးကပ်လေ့လာစောင့်ကြည့်နေတယ်လို့ BBC Media Action ကထုတ်ပြန်ထားပါတယ်။

ပြင်သစ် အခြေစိုက်နယ်စည်းမခြား သတင်းထောက်များအဖွဲ့ ( RSF) ကလည်း အခုလို မြန်မာသတင်းသမား၂ ဦးကို စစ်တပ်က တရားလက်လွတ်ဖမ်းဆီးမှုကို ဆန့်ကျင်ကန့်ကွက်တဲ့အကြောင်းနဲ့ ချက်ချင်းပြန်လွှတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။

နိုင်ငံတော်အာဏာကို စစ်တပ်က တရားမဝင်သိမ်းယူလိုက်ပြီးနောက် ဖမ်းဆီးခံရတဲ့ သတင်းသမားပေါင်း အယောက် ၅၀ လောက်ရှိပြီး တချို့ပြန်လွတ်လာပေမဲ့  လက်ရှိအချိန် အထိ အကျဉ်းထောင်တွေထဲမှာ  အနည်းဆုံး သတင်းသမား ၃၀ ကျော်ကျန်ရှိနေပါတယ်။ 

Photo-RSF

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013