DVB Logo
Home
မြန်မာသတင်း
ကိုဗစ်-၁၉ တတိယလှိုင်းကာလ သေဆုံးသူ ၇၃ ရာခိုင်နှုန်းက နေအိမ်တွင်သေဆုံးဟု NUG စစ်တမ်းတွင် ဖော်ပြ
DVB
·
August 22, 2021
ကိုဗစ်-၁၉ တတိယလှိုင်းကာလ သေဆုံးသူ ၇၃ ရာခိုင်နှုန်းက နေအိမ်တွင်သေဆုံးဟု NUG စစ်တမ်းတွင် ဖော်ပြ
Donate to DVB

ကိုဗစ်-၁၉ တတိယလှိုင်းကာလမှာ သေဆုံးသူတွေရဲ့ ၇၃ ရာခိုင်နှုန်းက လိုအပ်တဲ့ ဆေးရုံတွေ မှာ တက်ရောက်ကုသခွင့်မရဘဲ နေအိမ်တွေမှာ သေဆုံးခဲ့ကြတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကျန်းမာရေးဝန်ကြီးဌာနက ကောက်ယူတဲ့ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုဆိုင်ရာစစ်တမ်းက ဖော်ပြပါတယ်။

ဒီစစ်တမ်းကိုတော့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကျန်းမာရေးဝန်ကြီးဌာနက ပြီးခဲ့ တဲ့ ဩဂုတ် ၉ ရက်နေ့မှာ စတင်ကာ ပြည်သူတွေကို ပူးပေါင်းပါဝင် ဖြေဆိုပေးကြဖို့ ဖိတ်ခေါ်ထား ခဲ့တာ ဖြစ်ပါတယ်။

အခုထုတ်ပြန်လိုက်တဲ့ ထုတ်ပြန်ချက်ကတော့ ပထမ ၅ ရက်အတွင်း ဝင်ရောက် ဖြေဆိုကြသူ ဦးရေ ၂၅,၄၇၅ ယောက်ရဲ့ အချက်အလက်တွေပေါ် အခြေခံထားတာလို့ ဆိုပါတယ်။

ဖြစ်ပွားသူတွေရဲ့ ၅၆ ရာခိုင်နှုန်းကတော့ အမျိုးသမီးတွေဖြစ်ကြပြီး ကိုဗစ်-၁၉ ဖြစ်ပွား သူတွေနေထိုင်တဲ့ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် ရန်ကုန်တိုင်းဒေသကြီးက ၁၅,၃၉၉ ယောက်နဲ့ ၆၀ ဒသမ ၄ ရာခိုင်နှုန်းထိ အမြင့်ဆုံးဖြစ်ကာ သူ့နောက်မှာတော့ မန္တလေးတိုင်းဒေသကြီးက ၁၂ ဒသမ ၅ ရာခိုင်နှုန်း၊ စစ်ကိုင်းတိုင်းဒေသကြီးက ၅ ရာခိုင် နှုန်း၊ ပဲခူးတိုင်းဒေသကြီးက ၄ ဒသမ ၇ ရာခိုင်နှုန်း၊ ဧရာဝတီတိုင်းဒေသကြီးက ၄ ဒသမ ၂ ရာခိုင်နှုန်း အသီးသီးဖြစ်တယ်လို့ ဆိုပါတယ်။

ဒီစစ်တမ်းအရ ကိုဗစ်-၁၉ တတိယလှိုင်းကာလအတွင်း ဆေးကုသမှုခံယူပုံမှာ ၃၄ ရာ ခိုင်နှုန်းကတော့ တယ်လီဖုန်း၊ တယ်လီဂရမ်၊ အရေးပေါ် Hotline၊ ဖေ့စ်ဘွတ်ခ်မက်ဆင်ဂျာစတဲ့ အွန်လိုင်းကတဆင့် ကုသမှုခံယူခဲ့ကြပြီး အရင်အစိုးရဆေးရုံတွေမှာ တက်ရောက်ကုသမှုခံယူသူ ၅ ရာခိုင်နှုန်းသာရှိတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကိုဗစ်ဖြစ်ပွားသူတွေအနက် ၁၅ ရာခိုင်နှုန်းနဲ့ ပိုးတွေ့လူနာတွေအနက် ၇ ဒသမ ၂ ရာခိုင်နှုန်းဟာ သေဆုံးခဲ့ကြကြောင်း တွေ့ရှိရပြီး စစ်ကောင်စီကတော့ သေဆုံးနှုန်း ၃ ဒသမ ၇ ရာခိုင်နှုန်းရှိတယ်လို့ ထုတ်ပြန်ထားခဲ့တာပါ။

 စစ်တမ်းမှာ တွေ့ရှိရတဲ့ အထောက်အထားတွေအရ ဆေးရုံမှာ စောင့်ရှောက်ကုသဖို့ လိုအပ်တဲ့ လူနာတွေ ဆေးရုံမတက်ရောက်နိုင်တာ၊ အွန်လိုင်းကသာ ကုသမှုခံယူနေကြရတာ၊ စစ်ကောင်စီက အမှန်တကယ် သေဆုံးနှုန်းကို မဖော်ပြနိုင်တာ စတဲ့အချက်တွေဟာ ထင်ရှားနေတာမို့ စစ်ကောင်စီဟာ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသမှုလုပ်ငန်းတွေမှာ မှားယွင်းညံ့ဖျင်းစွာ စီမံနေတယ်လို့ သုံးသပ်ထားပါတယ်။

စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနကတော့ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီး သေဆုံးသူ စုစုပေါင်း ၃၆၀,၀၀၀ ကျော် ရှိလာခဲ့ပြီလို့ ဩဂုတ် ၂၀ ရက်ညမှာ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013