DVB Logo
Home
မြန်မာသတင်း
အမှတ် ၁၀၀၃ နယ်ခြားစောင့်တပ်ရင်းမှူး ကိုဗစ်ရောဂါဖြင့် ကွယ်လွန်
DVB
·
August 21, 2021
အမှတ် ၁၀၀၃ နယ်ခြားစောင့်တပ်ရင်းမှူး ကိုဗစ်ရောဂါဖြင့် ကွယ်လွန်
1 / 2
Donate to DVB

စစ်ကောင်စီလက်အောက်ခံ ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် စင်ကြိုင်အခြေစိုက် အမှတ် ၁၀၀၃ နယ်ခြားစောင့်တပ် BGF ဗိုလ်မှူး တစ်ဦး ဩဂုတ် ၂၁ ရက် မနက်အစောပိုင်းက ကွယ်လွန်သွားတယ်လို့ နီးစပ်သူတွေထံက သိရပါတယ်။

ကွယ်လွန်သူမှာ အသက် ၅၀ အရွယ်ခန့်ရှိတဲ့ တပ်ရင်းမှူး ဗိုလ်မှူး ၀မ်ထေခေါင် ဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါနဲ့ကွယ်လွန်တာဖြစ်ကြောင်းနဲ့ မိသားစုနဲ့နီးစပ်သူတစ်ဦးက အတည်ပြုပါတယ်။  ကွယ်လွန်ချိန်မှာ ဇနီးနဲ့ သားသမီး ၄ ဦး ကျန်ခဲ့ပါတယ်။

ကချင်ပြည်နယ်မှာ ၂၀၀၉ ခုနှစ်မှစတင်ကာ BGF အသွင်ပြောင်း အမှတ် ၁၀၀၁ ၊ ၁၀၀၂ နယ်ခြားစောင့်တပ်နဲ့ အခု စင်ကြိုင်အခြေစိုက် ၁၀၀၃ နယ်ခြားစောင့်တပ်တွေကို ဖွဲ့စည်းခဲ့ပြီး စစ်ကောင်စီတပ်‌ မြောက်ပိုင်းတိုင်းအောက်မှာ ထားရှိတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013