DVB Logo
Home
မြန်မာသတင်း
နိုင်ငံတကာရာဇဝတ်ခုံရုံး၏ တရားစီရင်ပိုင်ခွင့်ကို လက်ခံကြောင်း NUG ကြေညာ
DVB
·
August 20, 2021
နိုင်ငံတကာရာဇဝတ်ခုံရုံး၏ တရားစီရင်ပိုင်ခွင့်ကို လက်ခံကြောင်း NUG ကြေညာ
Donate to DVB

အမျိုးသားညီညွတ်ရေးအစိုးရ(NGU) အနေနဲ့  နိုင်ငံတကာရာဇဝတ်ခုံရုံးရဲ့ တရားစီရင် ပိုင်ခွင့်ကို လက်ခံကြောင်း  ဩဂုတ် ၂၀ ရက်စွဲနဲ့ ကြေညာပါတယ်။

NUG ယာယီသမ္မတ ဒူဝါလရှီးလက ၂၀၀၂ ခုနှစ်၊ ဇူလိုင် ၁ ရက်နောက်ပိုင်းကစတင်ကာ မြန်မာနိုင်ငံမှာ ကျူးလွန်ခဲ့တဲ့ နိုင်ငံတကာရာဇဝတ်မှုတွေနဲ့ စပ်လျဉ်းတဲ့ ခုံရုံးတရားစီရင်ပိုင်ခွင့်ကို သဘောတူလက်ခံကြောင်းကြေညာချက်ကို နိုင်ငံတကာရာဇဝတ်ခုံရုံး မှတ်ပုံတင်အရာရှိထံ တင်သွင်းခဲ့ပြီးဖြစ်ကာ အဆိုပါ ကြေညာချက်ကို နိုင်ငံတကာ ရာဇဝတ်ခုံရုံးစာချုပ်ရဲ့ ပုဒ်မ ၁၂ (၃) နဲ့အညီ တင်သွင်းခဲ့တာလို့ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှု အားလုံးအတွက် တာဝန်ယူမှုသေချာစေဖို့နဲ့ ပြစ်ဒဏ်မှလွတ်ကင်းခွင့်အဆုံးသတ်စေဖို့ ကတိသစ္စာ ပြုထားပြီး စစ်တပ်က ကျူးလွန်ဆဲဖြစ်တဲ့ ရက်စက်ယုတ်မာတဲ့ ရာဇဝတ်မှုတွေအပြင် အတိတ်မှာ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေ အားလုံးအတွက်လည်း တရားမျှတမှုကို ဖော်ဆောင်ဖို့ ကြိုးပမ်းနေတယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါတယ်။ 

အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့ကို  ဧပြီ ၁၆ ရက်နေ့မှာ ဖွဲ့စည်းခဲ့တာဖြစ်ပြီး အစိုးရအဖွဲ့မှာ ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေ၊ တိုင်းရင်းသားအစုအဖွဲ့ ကိုယ်စားလှယ်တွေ၊ အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြပွဲတွေက ထင်ရှားသူတွေ ပါဝင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013