DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီတပ်၏ ဂန့်ဂေါစစ်ဆင်ရေးအတွင်း ပြည်သူ ၁ ဦး ကျည်မှန်၊ ၁ ဦး အဖမ်းခံရ
DVB
·
August 20, 2021
စစ်ကောင်စီတပ်၏ ဂန့်ဂေါစစ်ဆင်ရေးအတွင်း ပြည်သူ ၁ ဦး ကျည်မှန်၊ ၁ ဦး အဖမ်းခံရ
Donate to DVB

မကွေးတိုင်း ဂန်ဂေါမြို့နယ်မှာ စစ်ကောင်စီတပ်က အင်အားအလုံးရင်းနဲ့ စစ်ကြောင်း ထိုးရာမှာ သြဂုတ် ၁၉ ရက်က မွှေ့လယ်ရွာက ပြည်သူတစ်ယောက် ကျည်မှန်ပြီး မြောက်ခင်ရန်းရွာက NLD ပါတီဝင်တစ်ယောက် ဖမ်းဆီးခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ ဩဂုတ် ၁၉ ရက်နေ့ မွန်းလွဲ ၂ နာရီလောက်မှာ ယောနယ်ထဲက ရွာတွေကို ဝင်မွှေပြီး သေနတ်တွေ ဆက်တိုက်ပစ်ဖောက်ခဲ့တာကြောင့် မွှေလယ်ရွာက အသက် ၃၀ အရွယ် ကိုပေသီး ကျည်ဆန် ၃ ချက်ထိမှန်ပြီး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။

ကိုပေသီးဟာ တင်ပဆုံ၊ ဆီးခုံနဲ့ ဝမ်းဗိုက်တို့မှာ ကျည်တစ်ချက်စီ ထိမှန်ခဲ့လို့ ကျန်းမာရေးဝန်ထမ်းတစ်ယောက်က ဆေးကုသပေးခဲ့ပေမဲ့ ဆီးမသွားနိုင်ဘဲ သွေးတွေပဲပါနေလို့ ဂန့်ဂေါဆေးရုံကို ပို့ဆောင်ကုသထားတယ်လို့ ဆိုပါတယ်။

တောင်ခင်ရမ်းက ရဲတွေနဲ့ ဒလန်တွေ၊ ပျူစောထီးတွေပူးပေါင်းက မြောက်ခင်ရန်းရွာက ပြည်သူ တစ်ယောက်ရဲ့ ဦးခေါင်းကို သေနတ်နဲ့တေ့ပြီး NLD ပါတီဝင် ဦးမြင့်လွင်အိမ်ကို လိုက်ပြခိုင်းခဲ့တယ်လို့ မြောက်ခင်းရန်းရွာခံတယောက်က ပြောပါတယ်။

ဒီနောက် စစ်ကောင်စီတပ်က ဦးမြင့်လွင်ကို ဖမ်းဆီးပြီး ကျပ်သိန်း ၁၅၀ ကိုလည်း အဓမ္မယူဆောင်သွားတယ်လို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013