DVB Logo
Home
မြန်မာသတင်း
ရန်ကုန် ၁၁ မြို့နယ်တွင် ယနေ့ ရေပြတ်တောက်
DVB
·
August 19, 2021
ရန်ကုန် ၁၁ မြို့နယ်တွင် ယနေ့ ရေပြတ်တောက်
Donate to DVB

ရန်ကုန်မြို့ကို အဓိကရေပေးနေတဲ့ ကုက္ကိုင်းရေလှောင်ကန်ကနေ ရွှေတိဂုံဘုရား ရေလှောင်ကန်ဆီကို ဆက်သွယ်ထားတဲ့ ပိုက်မကြီးမှာ တပ်ဆင်ထားတဲ့ ရေထိန်းဗားတွေ အသစ်လဲလှယ်နေတာကြောင့် မြို့နယ်တချို့မှာ ရေပြတ်နေပါတယ်။ 

အဆိုပါပိုက်လိုင်းကနေ ရေသုံးနေတဲ့ ဗဟန်း၊ အလုံ၊ ဒဂုံ၊ ကျောက်တံတားလမ်းမတော်၊ လသာ၊ ပန်းပဲတန်း၊ ဗိုလ်တထောင်၊ ပုဇွန်တောင်၊ မင်္ဂလာတောင်ညွန့်နဲ့ တာမွေမြို့နယ်တို့မှာ ရေအား နည်းတာနဲ့ ရေပြတ်တာတွေ ဖြစ်နိုင်တယ်လို့ ရေးပေးဝေရေးဌာနကဆိုပါတယ်။

မင်္ဂလာတောင်ညွန့်မြို့နယ် နေထိုင်သူတယောက်ကတော့ ပြီးခဲ့တဲ့ရက်တွေကလည်း ရေပြတ်နေခဲ့ပြီး အခုလည်း ရေမရတာကြောင့် အခက်အခဲဖြစ်နေတယ် လို့ပြောပါတယ်။

“၃၊ ၄ ရက်ရေပြတ်နေတာ။ ရတာ ဘယ်နှစ်ရက်မှ မရှိသေးဘူး အခုပြတ်ပြန်ပြီ။ ညဘက်ပြန်ရရင်တော့ တော်သေးတာပေါ့။ မဟုတ်ရင် တကယ်ကို ဒုက္ခရောက်တာ” လို့ ပြောပါတယ်။

တာမွေမြို့နယ်မှာ နေထိုင်သူတယောက်ကတော့ “ရေက မနက်က တင်လိုက်တာ ရတယ်။ အရင်ကလည်း ပြတ်မယ်လို့ ကြေညာထားရင် ပြတ်တာက များတယ်။ တခါတလေကျတော့ လည်း ပိုက်ထဲမှာ ကျန်တဲ့ရေကို တင်လို့ရတာမျိုးရှိတယ်။ ဒီလို တနေကုန်ပြတ်တာလောက်က တော့ သိပ်ပြီး ပြဿနာမရှိပါဘူး” လို့ ပြောပါတယ်။

တချို့ ရပ်ကွက်တွေမှာတော့ ရေတင်လို့ရနေသေးပြီး ဒါဟာ ရပ်ကွက်ဆီကိုလာတဲ့ ရေပိုက်ကြီးထဲမှာ ကျန်တဲ့ရေကို တင်လို့ရတာဖြစ်မယ်လို့ တာမွေမြို့နယ်နေသူတချို့ က ပြောပါတယ်။

ကုက္ကိုင်းရေလှောင်ကန်ကနေ ရွှေတိဂုံဘုရား ရေလှောင်ကန်ဆီကို ဆက်သွယ်ထားတဲ့ ပိုက်မကြီးမှာ တပ်ဆင်ထားတဲ့ ရေထိန်းဗားတွေ ချို့ယွင်းလာတယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ရေရရှိရေးနဲ့ ရေပေးဝေရေးလုပ်ငန်း တာဝန်ခံအဖွဲ့ က ထုတ်ပြန်ထားပါတယ်။

အဲဒီရေပိုက်မကြီးဟာ သက်တမ်းကြာမြင့်နေပြီး ရေတွေ မလေလွင့်အောင် ရေထိန်းဗားတွေ အသစ်လဲလှယ်ရမှာဖြစ်လို့ ဩဂုတ် ၁၉ ရက် ဒီ မနက် ၆ နာရီကနေ ညနေ ၆ နာရီအထိ ရေပိတ်ထားရမယ်လို့ ဆိုပါတယ်။ 

Photo-YCDCWS

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013