DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်တွင် Stay at Home ကာလ ထပ်တိုး
DVB
·
August 19, 2021
ရခိုင်ပြည်နယ်တွင် Stay at Home ကာလ ထပ်တိုး
Donate to DVB

ရခိုင်ပြည်နယ်မှာ Stay at home ကာလကို သြဂုတ် ၁၉ ရက်မှ ၂၆ ရက်အထိ နောက်ထပ် ၁ ပတ် ထပ်တိုးလိုက်တယ်လို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ULA ကနေ ဒီနေ့ထုတ်ပြန်ပါတယ်။

အခုလို ထုတ်ပြန်တာဟာ ကိုဗစ်-၁၉ တတိယလှိုင်းမှာ ဆက်လက်ရှိနေပြီး ရောဂါကူးစက်ခံ ရတဲ့အန္တရာယ် လုံးဝမရှိတော့တဲ့အနေအထားကို ရောက်ရှိစေဖို့ Stay at Home ကာလ နောက်ထပ် ၁ ပတ်လောက် ထပ်တိုးမြှင့်လိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်မှာ  ကိုဗစ်ရောဂါပိုးကူးစက်ပျံ့နှံ့မှုနဲ့ ကူးစက်ခံရသူ အရေအတွက် သိသိသာသာ လျော့ဆင်းသွားတာကို တွေ့ရတာဟာ ရခိုင်ပြည်သူတွေအနေနဲ့  မလိုအပ်ဘဲ အပြင်သွားလာတာ တွေ မရှိတော့ဘဲ ကိုယ့်အိမ်မှာကိုယ် အတတ်နိုင်ဆုံးနေထိုင်နေကြတာတွေကြောင့်ဖြစ်တယ်လို့ လည်း ဆိုပါတယ်။

ရခိုင်မှာ ကိုဗစ်ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်စေရေးလုပ်ငန်းတွေမှာ အထောက်အကူ ပြုစေဖို့ Stay at Home ကာလအား ၂ ပတ်လောက် ၂ ကြိမ်ထုတ်ပြန်ခဲ့ပြီး ဖြစ်ပေမဲ့လည်း ကိုဗစ်ရောဂါပိုးကူးစက်မှုနှုန်းဟာ လုံးဝရပ်တန့်သွားတာ မဟုတ်သေးဘဲ ကူးစက်ခံရသူတွေဟာ ရခိုင်ပြည်နယ်ရှိ မြို့နယ်အများစုမှာ သြဂုတ် ၁၈ ရက်ညနေထိ ရှိနေသေးတယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ရခိုင်မှာ ကိုဗစ်တတိယလှိုင်းအတွင်း မေလမှ သြဂုတ် ၁၇ ရက်ထိ ကိုဗစ်ကူးစက်ခံ ရသူ ဦးရေ ၃၆၆၂ ဦးနဲ့ သေဆုံးသူ ၃၄၄ ဦးထိရှိပြီလို့ ပြည်နယ်ကျန်းမာရေးဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013