DVB Logo
Home
မြန်မာသတင်း
ကသာဖက်ဆွတ်ငန်းတော်ကြားအဖွဲ့ စတင်တည်ထောင်
DVB
·
August 19, 2021
ကသာဖက်ဆွတ်ငန်းတော်ကြားအဖွဲ့ စတင်တည်ထောင်
Donate to DVB

      စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်အတွင်းက လူငယ်တွေနဲ့ ကသာဖက်ဆွတ်ငန်းတော် ကြားအဖွဲ့ကို တည်ထောင်လိုက်ပြီဖြစ်တယ်လို့ ဩဂုတ် ၁၈ ရက်စွဲနဲ့ နယ်စည်းမခြား မိုး ကြိုးမုန်တိုင်းအဖွဲ့က တာဝန်ခံကြေညာချက် ထုတ်ပြန်ထားပါတယ်။

ကသာဖက်ဆွတ်ငန်းတော်ကြားအဖွဲ့အနေနဲ့ အရင်ကလည်း နတ်လှိုင်၊ မိုးတားလေး၊ မိုးတားကြီး၊ မင်္ဂလာသုခ၊ ရေနီကျေးရွာတွေက ပစ်မှတ် ၂၀ ကျော်ကို အောင်မြင်စွာ ဆောင်ရွက်ကြပြီးဖြစ်သကဲ့သို့ နယ်စည်းမခြားမိုးကြိုးမုန်တိုင်းအဖွဲ့က စနစ်တကျရေးဆွဲ ထားတဲ့ Standard Operation Procedure အတိုင်း ဒလန်သတ်မှတ်ချက်တွေကို ထိခိုက်မှု အနည်းဆုံးနည်းလမ်းနဲ့ တိတိကျကျစိစစ်ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

ကသာမြို့နယ်နဲ့ အနီးဝန်းကျင်မြို့နယ်တွေက ပြည်သူတွေ၊ CDM သူရဲကောင်းတွေ၊ သပိတ်စစ်ကြောင်းတွေကို သတင်းပေးလုပ်ကြံနေကြသူတွေနဲ့ အကြမ်းဖက်စစ်ကောင်စီ ယန္တရားကိုအခြေခံကျကျဖော်ဆောင်နေကြတဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ၊ အခွန်အခ ကောက်ခံနေကြတဲ့ ဌာနတွေအနေနဲ့ လက်ရှိဆောင်ရွက်နေမှုတွေကို ရပ်တန်းက ရပ်ကြဖို့လည်း ထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါတယ်။

 နယ်စည်းမခြား မိုးကြိုးမုန်တိုင်းအဖွဲ့ဟာ မြန်မာနိုင်ငံတဝှမ်း မြို့တွေမှာ အကြမ်း ဖက်စစ်ကောင်စီယန္တရားတွေ လည်ပတ်နိုင်ရေး ထောက်တိုင်တွေအနေနဲ့ ဆောင်ရွက်ပေး နေတဲ့ ပြည်သူ့ဆန္ဒကို မျက်ကွယ်ပြုနေတဲ့ ရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေအပါအဝင် ပျူစောထီး အဖွဲ့ဝင်တွေ၊ ဒလန်တွေကို သုတ်သင်ရှင်းလင်းနေတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့က စတင်ကာ အကြမ်းဖက်စစ် အုပ်စုက မတရားအာဏာသိမ်းယူခဲ့တာကို ဆန့်ကျင်ဆန္ဒပြခဲ့ကြတဲ့ နွေဦးတော်လှန်ရေး ကာလဟာ ၆ လခွဲကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။

ဒီကာလတွေအတွင်း အကြမ်းဖက်ဖြိုခွင်းမှုတွေကြောင့် ထိခိုက်ကျဆုံးရသူတွေ၊ ဖမ်းဆီးထောင်ချခံရသူတွေနဲ့အတူ နိုင်ငံအဝန်း တောရောမြို့ပါမကျန် ဒေသခံပြည်သူ့ကာ ကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြားတိုက်ပွဲတွေလည်း ပြင်းထန်နေတာပါ။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)ရဲ့ ထုတ် ပြန်ချက်အရ ဩဂုတ် ၁၈ ရက်နေ့အထိ အာဏာသိမ်းစစ် ကောင်စီတပ်ရဲ့ ပစ်ခတ်သတ် ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၁၀၀၀ ကျော်ထိ ရှိလာခဲ့ပြီလို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013