DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီတပ်ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၁၀၀၀ ကျော်ရှိလာ
DVB
·
August 18, 2021
စစ်ကောင်စီတပ်ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၁၀၀၀ ကျော်ရှိလာ
Donate to DVB

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်းကာလ ၆ လခွဲကျော်အကြာ အာဏာသိမ်းစစ် ကောင်စီတပ်ရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၁၀၀၆ ယောက်ထိ ရှိ လာခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ ဩဂုတ် ၁၈ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ်ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင် တယ်လို့ ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ပြည်သူ ၇၃၃၈ ယောက် ဖမ်းဆီးခံခဲ့ရကာ ၅၇၃၀ ယောက်ကတော့ လက်ရှိချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၂၅၅ ယောက်ကတော့ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။

ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက်အပါအဝင် ၂၆ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။

အမှုဖွင့်ခံထားရပြီး ဖမ်းဝရမ်းထုတ်ခံထားရတဲ့အတွက် တိမ်းရှောင်နေသူ အရေအ တွက်ကတော့ ၁၉၈၄ ယောက်ရှိနေပြီး သူတို့ထဲက မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ ၃၉ ယောက်အပါအဝင် ၁၁၈ ယောက်ဟာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခံထားရကာ  သေ ဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၆၅ ယောက် ရှိခဲ့ပြီဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့မှာ ဩဂုတ် ၁၇ ရက် မွန်းလွဲပိုင်းက အရက်မူး နေတဲ့ စစ်သားတွေဟာ အမြန်ရေယာဉ်တွေ ဆိုက်ကပ်ရာ ဆိပ်ကမ်းမှာ ထိုင်နေတဲ့ ကို ဇော်မျိုးမြင့်ကို လူလယ်ကောင်မှာ နားထင်ကို သေနတ်နဲ့ တေ့ပြီး ပစ်သတ်ခဲ့တယ်လို့ သိရှိရပါတယ်။ 

ကိုဇော်မျိုးမြင့်ဟာ ဆိပ်ကမ်းအုတ်ခုံပေါ်မှာ ထိုင်ကာ ကွမ်းစားနေစဉ် အရက် မူးနေတဲ့ စစ်သားတွေက နှာခေါင်းစည်းမတပ်ဘူးဆိုကာ ရန်ရှာထိုးကြိတ်ခဲ့ပြီးနောက် ပစ်သတ်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မင်းကင်းမြို့နယ်၊ မင်းစားကျေးရွာက မဇင်မာဝင်းဟာ သေနတ်သံနဲ့ ကိုဇော်မျိုးမြင့်ရဲ့ ရုပ်အလောင်းကို တွေ့မြင်ပြီး နေရာတင် နှလုံးရပ်ကာ သေဆုံးသွားခဲ့ကြောင်း သိရှိရပါတယ်။

ဩဂုတ် ၁၆ ရက်နေ့ကတော့ စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြိုန့ယ်၊ ကျောက်ခဲ တပ်ကျေးရွာကို အကြမ်းဖက်စစ်အုပ်စုတပ်တွေ ဝင်ရောက်စီးနင်းခဲ့ပြီး ဒေသခံရွာသား ၃ ယောက်ဖြစ်တဲ့ ဦးဘိုအောင်၊ ဦးချစ်လွင်၊ ကိုဖိုးတုတ်တို့ကို ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ကြ ပြီး သတ်ဖြတ်ခဲ့ကြကာ နောက်တရက်မှာတော့ သူတို့ရဲ့ ရုပ်အလောင်းတွေကို ချင်းတွင်း မြစ်အတွင်း မျှောကာ ဖျောက်ဖျက်ခဲ့ကြတယ်လို့ သိရပါတယ်။

ဩဂုတ်လ ၁၃ ရက်နေ့ ညနေပိုင်းက မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ သပြေ ရေရွာမှာ ဈေးဆိုင်ဖွင့်ထားတဲ့ ဦးလှမြင့်ဦးကို အကြမ်းဖက်စစ်အုပ်စုတပ်တွေက တူမီးသေနတ်နဲ့ ပစ်သတ်ခဲ့ပြီး ဆိုင်ရှေ့ရှိ ဆိုင်ကယ်အဟောင်းတစီးပေါ်မှာ ဗုံးထောင်ထားခဲ့တယ်လို့ သိရှိရပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်အတွင်းက ပလိုင်း၊ ဂုန်တန်၊ ကန်သာစတဲ့ ကျေးရွာတွေကို အကြမ်းဖက်စစ်အုပ်စုတပ်တွေ ဝင်ရောက်စီးနင်းခဲ့ပြီး ဩဂုတ် ၁၂ ရက် နေ့က ဖမ်းဆီးထားတဲ့ ဂုန်တန်ရွာသား ကိုနန်ကို မေးမြန်းမရလို့ဆိုကာ သူတို့တပ်စွဲထား တဲ့ ပလိုင်းကျေးရွာ စာသင်ကျောင်းအတွင်း စစ်သားတွေက ပစ်သတ်ခဲ့ကြတယ်လို့ သိရှိရပါတယ်။

အေအေပီပီအနေနဲ့ လက်ရှိအခြေအနေတွေကို နေ့စဉ်စောင့်ကြည့်မှတ်တမ်းတင် နေတာဖြစ်ပြီး စစ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခံ ထားရသူတွေ စာရင်းကို နေ့စဉ်ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ် ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီး သီးက ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာကို သိရှိပါက အေအေပီပီ အီးမေးလ်၊ ဖေ့စ်ဘွတ်ခ်နဲ့ တွစ်တာတို့ကတဆင့် ဆက်သွယ်အသိပေးအကြောင်းကြားဖို့ အသိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013