
စစ်အာဏာရှင်တပ်ရဲ့ လက်ချက်ကြောင့် ၂၀၂၆ ဧပြီ ၁ ရက်ကနေ မေ ၂၇ ရက်အတွင်း အမျိုးသမီး ၈၇ ယောက် သေဆုံးခဲ့ရတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မေ ၂၇ မှာ ထုတ်ပြန်ပါတယ်။
အဲဒီအထဲက ၃၅ ယောက်ကိုပဲ AAPP က နာမည်နဲ့တကွ အတည်ပြုနိုင်ပြီး ၅၂ ယောက်ကိုတော့ အတည်မပြုနိုင်သေးဘူးလို့ သိရပါတယ်။
သေဆုံးသူတွေထဲမှာ အသက် ၁၈ နှစ်အောက် မိန်းကလေးငယ် ၉ ယောက် ပါဝင်တယ်လို့ သိရပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၂၃ ယောက်ရှိပြီး လက်နက်ကြီးကြောင့် ၈ ယောက် သေဆုံးခဲ့တယ်လို့ AAPP ရဲ့ စာရင်းမှာ ပါရှိပါတယ်။
၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးကတည်းက စစ်တပ်ရဲ့ ဖမ်းဆီးနှိပ်စက်မှုနဲ့ ပစ်ခတ် တိုက်ခိုက်မှုတွေကြောင့် အမျိုးသမီး ၂၂၀၀ နီးပါး သေဆုံးခဲ့ပြီး ကလေးငယ် ၁၀၇၄ ယောက်သေဆုံးခဲ့တယ်လို့ AAPP ရဲ့ စာရင်းတွေအရ သိရပါတယ်။










