DVB Logo
Home
နိုင်ငံတကာ
ဘန်ကောက်တွင် တရားမဝင် အင်တာနေရှင်နယ်လ်စာသင်ကျောင်း စစ်ဆေးဖမ်းဆီးခံရ 
DVB
·
April 3, 2026
Photo : matichon
Photo : matichon
Donate to DVB

ထိုင်းနိုင်ငံ၊ ဘန်ကောက် ပရဝေ့နယ်မြေထဲမှာ တရားမဝင် ဖွင့်လှစ်ထားတဲ့ အင်တာနေရှင်နယ်လ် စာသင်ကျောင်းတကျောင်းကို တာဝန်ရှိသူတွေက ဧပြီ ၁ ရက်က ဝင်ရောက်စစ်ဆေးပြီး တရားမဝင် စာသင်နေတဲ့ နိုင်ငံခြားသား ဆရာ/ဆရာမ ၁၀ ယောက်ကို ဖမ်းဆီးလိုက်တယ်လို့ ထိုင်းသတင်း တွေမှာ ဖော်ပြပါတယ်။ 

 ဒီမတိုင်ခင်ရှေ့က ပရဝေ့နယ်မြေ ပရဝေ့လမ်းထဲမှာ နိုင်ငံခြားသားတွေ တရားမဝင်စာ သင်ကျောင်း ဖွင့်လှစ်နေကြောင်း သတင်းပေးပို့ချက်ရတာကြောင့် နယ်မြေခံရဲတပ်ဖွဲ့၊ အုပ်ချုပ်ရေးရုံးနဲ့ အလုပ်သမားရုံးက တာဝန်ရှိသူတွေနဲ့ဆက်သွယ်ပြီး ဧပြီ ၁ ရက် မွန်းလွဲ ၁ နာရီက သွားရောက် စစ်ဆေးခဲ့တယ်လို့ အမှတ် (၁) တိုင်းဒေသလူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့  ရဲမှူးချုပ် ပရဆဒ် ခေမပရဆစ်က  သတင်းထောက်တွေကို ပြောပါတယ်။ 

စစ်ဆေးချက်အရ အဆိုပါစာသင်ကျောင်းမှာ ဖွင့်ထားတာ တနှစ်ကျော်ပြီဖြစ်ပြီး ကျောင်းဖွင့်ခွင့် မှတ်ပုံတင်ထားခြင်း မရှိဘူး၊ ကျောင်းသားပေါင်း ၁၀၀ ကျော်ရှိတယ်၊ မူကြိုနဲ့ မူလတန်း ကလေး တွေ ဖြစ်တယ်၊ ဆရာ/ဆရာမတွေကလည်း အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ နိုင်ဂျီးရီးယား စတဲ့ နိုင်ငံသား တွေဖြစ်ပြီး အလုပ်သမားမှတ်ပုံတင်မရှိဘူး၊ စုစုပေါင်း ၁၀ ယောက်ရှိတယ်၊  ဒါကြောင့် အဆိုပါ ဆရာ/ဆရာမတွေကိုလည်း ခွင့်ပြုချက်မရှိဘဲ အလုပ်ဝင်ရောက်လုပ်ကိုင်မှုနဲ့ အရေးယူသွားမယ်လို့ ဆိုပါတယ်။ 

ထိုင်းနိုင်ငံမှာ စာသင်ကျောင်းဖွင့်လိုက ထိုင်းနိုင်ငံရဲ့ ပြဋ္ဌာန်းထားတဲ့ ဥပဒေအတိုင်း အဆင့်ဆင့် အတိအကျ လိုက်နာဆောင်ရွက်ရမှာဖြစ်တယ်၊ ဆရာတွေဟာလည်း  နေထိုင်ခွင့်ဗီဇ၊ အလုပ်လုပ်ခွင့် လက်မှတ် (ဝေါ့ခ်ပါမစ်) စတာတွေ ပြည့်ပြည့်စုံစုံရှိရမှာဖြစ်တယ်။ 

ကျောင်းသားမိဘအုပ်ထိန်းသူတွေအနေနဲ့လည်း မိမိကလေးကို ကျောင်းအပ်မယ်ဆိုရင် အဲဒီ ကျောင်းက တရားဝင်/မဝင်ဆိုတာကို သေချာစုံစမ်းပြီးမှ အပ်နှံပါ။ အခုလိုပြဿနာဖြစ်လာရင် သက်ဆိုင်ရာက ကျောင်းကို ချက်ချင်းပိတ်သိမ်းနိုင်ပြီး ကျောင်းသားတွေအတွက်ရော မိဘအုပ်ထိန်းသူတွေအတွက်ပါ နှစ်ဘက်လုံး ထိခိုက်နစ်နာတယ်။ 

ပြည်သူတွေအနေနဲ့ ထိုင်းနိုင်ငံထဲမှာ နိုင်ငံခြားသားတွေ တရားမဝင်ပြုမူလုပ်ကိုင်နေတာကို တွေ့ရှိက ထိုင်းအမျိုးသားရဲတပ်ဖွဲ့ အရေးပေါ်ဖုန်းလိုင်း ၁၅၉၉ ဒါမှမဟုတ် လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့  အရေးပေါ်ဖုန်းလိုင်း ၁၁၇၈ သို့ ဆက်သွယ်သတင်းပေးဖို့ ရဲမှူးချုပ်က တိုက်တွန်းသွားပါတယ်။ 

Source - matichon /Bright TV 

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013