DVB Logo
Home
မြန်မာသတင်း
ကနီဒေသ၌ စစ်ကောင်စီတပ်က အစုအပြုံလိုက်သတ်ဖြတ်မှု ၄ ကြိမ်အတွင်း အနည်းဆုံး ၄၃ လောင်းတွေ့ရှိ
DVB
·
August 18, 2021
ကနီဒေသ၌ စစ်ကောင်စီတပ်က အစုအပြုံလိုက်သတ်ဖြတ်မှု ၄ ကြိမ်အတွင်း အနည်းဆုံး ၄၃ လောင်းတွေ့ရှိ
Donate to DVB

ကနီဒေသတဝိုက် စစ်ကောင်စီတပ်တွေဟာ ပြီးခဲ့တဲ့ ဇူလိုင်တလတည်းမှာတင် အ စုလိုက်အပြုံလိုက် သတ်ဖြတ်မှု ၄ ကြိမ် ကျူးလွန်ခဲ့ကြပြီး သတ်ဖြတ်စွန့်ပစ်ထားခဲ့ကြတဲ့ ရုပ်အလောင်းအနည်းဆုံး ၄၃ လောင်း တွေ့ရှိခဲ့ရတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီ စောင့်ရှောက်ရေးအသင်း(အေအေပီပီ)က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်က စတင်ကာ မတရားစစ်အာဏာသိမ်းခဲ့ကြတဲ့ အကြမ်းဖက် စစ်အာဏာရှင်ကို တစိုက်မတ်မတ် တွန်းလှန်ခုခံနေကြတဲ့ မြန်မာနိုင်ငံအနှံ့အပြား ဒေသတွေထဲမှာ စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင်အတွင်းက ကနီမြို့နယ်ဟာ စစ်အာဏာရှင်ကို နည်းလမ်းပေါင်းစုံ အသုံးပြုဆန့်ကျင်တော်လှန်နေတဲ့ ထင်ရှားတဲ့ အရပ်ဒေသတခု ဖြစ်ပါတယ်။

ဒါကြောင့်လည်း အာဏာသိမ်းစစ်ကောင်စီက အငြိုးတကြီးနဲ့ နယ်မြေစိုးမိုးရေးအ ကြောင်းပြကာ ကနီမြို့ပေါ်နဲ့ အနီးအနားပတ်ဝန်းကျင် ကျေးရွာတွေမှာ ပစ်ခတ်ဖမ်းဆီးတာတွေ၊ တောနင်းရှာဖွေတာတွေ ပြုလုပ်ရှိနေသလို ကျေးရွာတွေအတွင်း စစ်အင်အား အလုံးအရင်းနဲ့ ဝင်ရောက်စီးနင်းတာတွေကြောင့် ဒေသခံ ထောင်ပေါင်းများစွာဟာ နီး စပ်ရာ ကျေးရွာ၊ တောအုပ်တွေအတွင်း ထွက်ပြေးတိမ်းရှောင်နေရတာ ဖြစ်ပါတယ်။ ဒါ့အ ပြင် ကျေးရွာတွေထဲ ဝင်ရောက်ကာ ကျွဲ၊ နွားတွေအပါအဝင် ပစ္စည်းဥစ္စာတွေ လုယူတာ၊ သိမ်းပိုက်တာတွေကိုပါ ပြုလုပ်လာခဲ့ကြတာပါ။

ကလေးမြို့ အခြေစိုက် တပ်ရင်း (၂၂၈) အပါအဝင် တပ်မ (၄၄)နဲ့ (၉၉) လက် အောက်ခံတပ်ရင်းတွေက ဗျူဟာ သုံးခုခွဲကာ အင်အားတစ်ထောင်ခန့်ဖြင့် ကနီမြို့နယ်အ တွင်း ကျေးရွာတိုင်းနီးပါးကို ဝင်ရောက်စီးနင်းနေကြပြီး ဒေသခံတွေ အများအပြားဟာ အကြမ်းဖက်ဖမ်းဆီးခံရတာတွေ၊ ညှဉ်းပန်းနှိပ်စက်ခံရတာတွေ၊ အသက်သေဆုံးတဲ့အထိ လူ မဆန်စွာ သတ်ဖြတ်ခံရတာတွေကိုလည်း ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ အေအေပီပီ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါတယ်။

ဒါ့အပြင် စစ်ဘေးရှောင် ပြည်သူတွေမှ စားနပ်ရိက္ခာနဲ့ ဆေးဝါးပြတ်လပ်မှုဒဏ်ကို ခံစားနေကြရပြီး မုံရွာနယ်ဘက်ကို သွားရောက်ဝယ်ယူရာမှာလည်း အကြမ်းဖက်စစ်အုပ်စု လက်ပါးစေတွေက ပမာဏများပြားတဲ့ ငွေကြေးကောက်ခံတာတွေအပြင် စစ်ဖိနပ်နဲ့ ကန်တာ၊ သေနတ်ဒင်နဲ့ထုတာတွေ စတဲ့ အနိုင်ကျင့်မှုတွေကိုလည်း ပြုလုပ်နေကြောင်း သိရပါတယ်။

ကနီမြို့နယ်ရှိ ကျေးရွာတချို့မှာလည်း ဇူလိုင် ၉ ရက်နေ့ကစတင်ကာ အူရီဒူးနဲ့ တယ်လီနောအော်ပရေတာတွေရဲ့ အင်တာနက်နဲ့ ဖုန်းလိုင်းတွေ ပြတ်တောက်ခဲ့ပြီး ဩ ဂုတ် ၂ ရက်နေ့မှာတော့ MPT လိုင်းပါ ထပ်မံပြတ်တောက်ခဲ့တာမို့ လက်ရှိမှာတော့ စစ် တပ်ပိုင် Mytel အော်ပရေတာ ဖုန်းနဲ့ အင်တာနက်လိုင်းသာ ရွာတွေမှာ အသုံးပြုလို့ ရနေ တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါဟာ စစ်အုပ်စုက အရပ်သားပြည်သူတွေအပေါ် ဖြတ်လေးဖြတ်ဗျူဟာကို အသုံးပြု တိုက်ခိုက်တာလို့ အေအေပီပီက ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်တွေရဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရသူတွေထဲမှာ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့လည်း ပါဝင်ပြီး လူငယ်၊ လူကြီး၊ မသန်စွမ်း စတဲ့ အပြစ်မဲ့ ပြည်သူတွေ အများအပြား ပါဝင်နေတာပါတယ်။

အကြမ်းဖက်စစ်အုပ်စုရဲ့ ရက်စက်တဲ့ လူမဆန်စွာကျူးလွန်မှုတွေဟာ မြန်မာနိုင်ငံ နေရာအနှံ့အပြားမှာ နေ့စဉ်နဲ့အမျှ ဖြစ်ပေါ်နေပြီး ကနီမြို့နယ်ဖြစ်စဉ်တွေကတော့ တိကျတဲ့ သက်သေအထောက်အထားတွေနဲ့ ပေါ်ပေါက်လာရတဲ့ ဖြစ်ရပ်တခုဖြစ်တယ်လို့ အေအေပီပီက ပြောပါတယ်။

စစ်အုပ်စုဟာ ၎င်းတို့ ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို တာဝန်ယူ၊ တာဝန်ခံရမှာ ဖြစ် ပြီး ကနီမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုတွေဟာ နိုင်ငံတကာဥပဒေအရ အမြစ်ပြတ် သုတ်သင်ရှင်းလင်းရေးလုပ်ရပ်တခုဖြစ်တယ်လို့လည်း ဆိုပါတယ်။  ကနီဖြစ်စဉ်ဟာ ဂျီနီဗာကွန်ဗင်းရှင်းကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ပြီး အ ရပ်သားတွေကို ပစ်မှတ်ထား အမြစ်ပြတ်သတ်ဖြတ်တာမျိုးဖြစ်တာမို့ နိုင်ငံတကာ အသိုင်း အဝိုင်းအနေနဲ့ ခုလိုလူသားမျိုးနွယ်အပေါ် ကျုးလွန်တဲ့ ရာဇဝတ်မှုကို ပြစ်တင်ရှုတ်ချရမည်ဖြစ်ပြီး ထိထိရောက်ရောက် တရားစွဲဆိုရမယ်လို့ အေအေပီပီက ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013