DVB Logo
Home
မြန်မာသတင်း
ထနောင်းပကားရွာသား ၂၀ ကျော်ကို စစ်ကောင်စီတပ်က လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခေါ်ဆောင်
DVB
·
August 18, 2021
ထနောင်းပကားရွာသား ၂၀ ကျော်ကို စစ်ကောင်စီတပ်က လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခေါ်ဆောင်
1 / 3
Donate to DVB

ကနီမြို့နယ် ထနောင်းပကားကျေးရွာကို စစ်ကောင်စီတပ်တွေ ဩဂုတ် ၁၈ ရက်နေ့ မနက်ပိုင်းက ဝင်ရောက်လာပြီး ရွာသား ၂၀ ကျော်ကို လူသားဒိုင်းကာအဖြစ် အသုံးပြုဖို့  ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီတပ်တွေက ထနောင်းပကားရွာကို ဩဂုတ် ၁၇ ရက်နေ့ နေ့လယ်ပိုင်းက စတင်ရောက်ရှိလာပြီး နေအိမ်တွေကို ဝင်ရောက်ရှာဖွေကာ အဖိုးတန်ပစ္စည်းတွေလည်း ယူဆောင်သွားခဲ့ကြတယ်လို့ ထနောင်းပကားကျေးရွာသားတဦးက ပြောပါတယ်။

“သူတို့လာလို့ ရွာရှိလူကုန် တောထဲ ထွက်ပြေးရတယ်။ အဲဒါ ဒီကောင်တွေ ကျနော်တို့ ရွာအလယ်ကောင် အိမ်မှာ တပ်စွဲစခန်းချသွားတယ်။ ရွာထဲက အိမ်တွေကိုလည်း မွှေနောက်ရှာဖွေတယ်။ အဖိုးတန်ရွှေ ငွေတွေ ယူကျတယ်ဗျာ။ အခု မနက်ခင်းကတော့ ဒီကောင်တွေ ဘေးထွက်ပုန်းနေတဲ့ ကျနော်တို့ ရွာသားတွေကို ဖမ်းတယ်။ အယောက် ၂၀ ကျော်မယ်ဗျ။ ကလေးတွေ၊ မိန်းကလေးတွေ မရွေးဘူးဗျ။‌ ဖမ်းမိတာ အကုန်ခေါ်ပြီး လမ်းပြခေါ်တဲ့သဘောနဲ့ လူသားဒိုင်းအဖြစ် အသုံးပြုသွားတာ။ သူတိုရှေ့ကနေ သွားခိုင်းတယ်။ မိုင်းမိလည်း ကျနော်တို့ ရွာသားတွေမိဆိုတဲ့ သဘောပဲ။ သူတို့ကတော့  ကျနော်တို့ရွာကနေ ချောဆွဲသွားတဲ့ နွာလှည်းတွေအပေါ်ကနေ ထိုင်လိုက်သွားတာ မြင်လိုက်ရတယ်” လို့  ပြောပါတယ်။

စစ်ကောင်စီတပ်တွေက ထနောင်းပကားရွာကနေ မြောက်ဘက် အင်းပေါင်းရွာဘက်ကို သွားနေတာကြောင့် အင်းပေါင်းရွာနဲ့ အနီးတဝိုက်က အပြစ်မဲ့ပြည်သူထောင်နဲ့ချီ ဘေးလွတ်ရာကို ထွက်ပြေးနေကြရတယ်လို့ အင်းပေါင်းဒေသခံတွေဆီကနေ သိရပါတယ်။

အာဏာသိမ်းစစ်ကောင်စီတပ်တွေဟာ နယ်မြေစိုးမိုးရေးအကြောင်းပြပြီး ကနီမြို့ပေါ်နဲ့ အနီးအနားပတ်ဝန်းကျင် ကျေးရွာတွေအတွင်း စစ်အင်အား အလုံးအရင်းနဲ့ ဝင်ရောက်ကာ ပစ်ခတ် ဖမ်းဆီးတာတွေ၊ တောနင်းရှာဖွေတာတွေ ပြုလုပ်နေတာကြောင့် ဒေသခံ ထောင်ပေါင်းများစွာဟာ နီးစပ်ရာ ကျေးရွာ၊ တောအုပ်တွေအတွင်း ထွက်ပြေးတိမ်းရှောင်ကြရပါတယ်။

ကနီဒေသတဝိုက်မှာ စစ်ကောင်စီတပ်တွေဟာ ပြီးခဲ့တဲ့ ဇူလိုင်တလတည်းမှာတင် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ၄ ကြိမ် ကျူးလွန်ခဲ့ကြပြီး သတ်ဖြတ်စွန့်ပစ်ထားခဲ့ကြတဲ့ ရုပ်အလောင်းအနည်းဆုံး ၄၃ ဦး တွေ့ရှိခဲ့ရတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီ စောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013