DVB Logo
Home
မြန်မာသတင်း
KBC က ကိုဗစ်-၁၉ လူနာများအတွက် အခြေခံဆေးဝါးများ ကူညီထောက်ပံ့
DVB
·
August 17, 2021
KBC က ကိုဗစ်-၁၉ လူနာများအတွက် အခြေခံဆေးဝါးများ ကူညီထောက်ပံ့
Donate to DVB

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC က ကိုဗစ်ရောဂါခံစားနေရတဲ့ လူနာတွေအတွက် အခြေခံဆေးဝါးတွေ ကူညီထောက်ပံ့ပေးနေတယ်လို့ ကေဘီစီ ကုသရေးသာသနာဌာန တာ၀န်ရှိသူတွေဆီက သိရပါတယ်။

အခုထောက်ပံ့တာဟာ home care အနေနဲ့ ကုသဖို့ သင့်တော်တဲ့ သာမန်အဆင့် ကိုဗစ်လူနာတွေအတွက်ရည်ရွယ်ပြီး အခြေခံဆေးဝါး၊ mask၊ hand gel အပြင် အာဟာရအစားအစာအချို့ ပါ၀င်တယ်လို့ ဆိုပါတယ်။ 

လက်ရှိမှာ မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့နယ်ရှိ ပြည်သူတွေအတွက် အကျုံး၀င်မှာဖြစ်ပြီး အခြားမြို့နယ်တွေအတွက်လည်း ကူညီထောက်ပံ့နိုင်အောင် ကြိုးစားနေတယ်လို့ သိရပါတယ်။

KBC အနေနဲ့ ကုသရေး သာသနာဌာနရဲ့ ဦးဆောင်မှုအောက်မှာ ပြီးခဲ့တဲ့ဇူလိုင်လကတည်းက ကိုဗစ်ရောဂါနဲ့ပက်သက်ပြီး သိရှိလိုတာတွေကို တိုင်ပင်ဆွေးနွေးနိုင်ရန် Tele- consultation for covid 19 patients အစီအစဉ်ကို ဆရာ၀န်တွေနဲ့ ၂၄ နာရီ အခမဲ့ ၀န်ဆောင်မှုပေးနေတာဖြစ်ပါတယ်။ 

အောက်ဆီဂျင်ဘူးထောက်ပံ့တဲ့ ၀န်ဆောင်မှု‌တွေကိုလည်း ကချင်ပြည်နယ်အပြင် KBC အသင်းတော်ရှိရာ ရှမ်းပြည်ဘက်မှာလည်း ပေးနေတယ်လို့ တာ၀န်ရှိဆရာတဦးဆီက သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013