Home
မြန်မာသတင်း
စမ်းချောင်းမြို့နယ် တရားရုံးတွင် ပေါက်ကွဲမှုဖြစ်
DVB
·
August 16, 2021
238829705_2867821706881429_3864036700583029118_n

ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၊ ဗားကရာမီးပွိုင့်အနီး ဗဟိုလမ်းမပေါ်က စမ်းချောင်းမြို့နယ် တရားရုံးမှာ ညနေ ၄ နာရီလောက်က  ပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။ 

ပေါက်ကွဲမှုဖြစ်ပြီး မိနစ်ပိုင်းအကြာမှာ စစ်ကား၊ ရဲကားတွေ ရောက်ရှိလာပြီး ညောင်တုန်းလမ်းထိပ်နားကနေ မီးပွိုင့်အထိ လမ်းပိတ်ထားပြီးကားတွေ ဖြတ်သန်းခွင့်မပြုတော့ဘူး လို့ ဒေသခံတွေက သိရပါတယ်။

"ဝုန်းဆိုပြီး အသံအကျယ်ကြီး ၂ချက်ကြားတယ်။ အိမ်တောင်တုန်တာ။ မကြာဘူး စစ်ကားတွေရော ရဲကားတွေရော ရောက်နေကြပြီ။ လမ်းကိုလည်း ပိတ်ထားတယ်။ ဖြတ်သွားတဲ့ ကားတွေကိုလည်း လှမ်းအော်ဆဲသေးတယ်။ ဂွစျေးဘက်အထိ အုပ်စုအုပ်စုနဲ့ ထွက်သွားကြတယ်" လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အဆိုပါပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး လူတွေထိခိုက်ဒဏ်ရာရမှု မရှိမရှိနဲ့ ပျက်စီးအမှု အခြေအနေကိုတော့လတ်တလော မသိရသေးပါဘူး။ ခုရက်ပိုင်း စမ်းချောင်းမြို့နယ်အတွင်း စစ်ကောင်စီရဲ့ အကြမ်းဖက်လက်နက်ကို စစ်သားတွေဟာ ညဘက်တွေမှာ မှောင်ရိပ်ခိုပြီး အပြစ်မဲ့ပြည်သူတွေကို စစ်ဆေးဖမ်းဆီးမှုတွေ လုပ်နေတာပါ။

နေ့ခင်းဘက်တွေမှာလည်း ရဲကားတွေလှည့်လည် နေကြတယ်ပြီး လုံခြုံရေး တင်းကျပ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024