DVB Logo
Home
မြန်မာသတင်း
ပရဟိတအမျိုးသမီးအား ဖမ်းမမိသဖြင့် မိခင် အပါအဝင် ၅ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီး
DVB
·
August 16, 2021
ပရဟိတအမျိုးသမီးအား ဖမ်းမမိသဖြင့် မိခင် အပါအဝင် ၅ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီး
Donate to DVB

ကယားပြည်နယ်အတွင်း စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့ ပရဟိတလူငယ်အမျိုးသမီးတဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးမမိတဲ့အတွက် မိခင် အပါအဝင် လူ ၅ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။

လူမှုကယ်ဆယ်ရေးအဖွဲ့တခုဖြစ်တဲ့ ဖေးကူလက်များအသင်းက မရိုစလင်းအိအိကို ဩဂုတ်လ ၁၄ ရက်နေ့က စစ်ကောင်စီဘက်က လွိုင်ကော်မြို့ မိုင်းလုံးရပ်ကွက်က သူ့ရဲ့နေအိမ်အထိ သွားရောက်ဖမ်းဆီးရာမှာ ထွက်ပြေးသွားတာကြောင့်  အသက် ၅၀ အရွယ်မိခင်၊ မောင်ဖြစ်သူနဲ့ အိမ်မှာ ရှိနေတဲ့ ပရဟိတ လူငယ် ၃ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။

မရိုစလင်းအိအိက “သူတို့ စွပ်စွဲထားသလို  ကိုယ်ဘာတစ်ခုမှမလုပ်ပါဘူး။ စစ်ရှောင်တွေ ရိက္ခာပို့ရုံသက်သက်၊ ရိက္ခာစုထားရုံသက်သက်နဲ့ ထင်သလို စွပ်စွဲပစ်လို့ရတာလား။ ကိုယ့်ကို မမိလို့ အမေကို ဖမ်းခေါ်သွားတာက ယုတ်မာလွန်းပါတယ်။ မတရား ဖမ်းခေါ်သွားကြတာပါ။ မတရားဖမ်းခေါ်ခံရတာပါ။ ပထမအစ အဖမ်းခံရတဲ့ volunteer ကလေး ကားပေါ် ကျည်ပါတယ်ဆိုပြီး လူတချို့က ထင်နေ ပြောနေကြပါတယ်။ ဘာကျည်မှ မပါဘူး။ ကာပေါ် အိုး ၂ လုံးက P သမားတွေ အာဟာရ ပို့ရင်သုံးတဲ့အိုးပါ။ ဆေးအိတ် ၂ အိတ်ကလည်း p သမားတွေကို ကြည့်တဲ့ဆေးအိတ်ပါ” လို့ သူ့ရဲ့လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။ 

မတရားဖမ်းဆီးခေါ်ခံရတဲ့ အမေကို ပြန်လွှတ်ပေးဖို့လည်း တောင်းဆိုထားပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ကယားပြည်နယ်မှာ မကြာခဏ တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်ရှောင်ဒုက္ခသည်တွေ တနေ့တခြား များပြားလာနေပါတယ်။

မရိုစလင်းအိအိကတော့ လိုအပ်နေတဲ့ စစ်ရှောင်စခန်းတွေအထိ သွားရောက်ပြီး အစားအသောက်နဲ့ဆေးဝါး အစရှိတဲ့ ကူညီကယ်ဆယ်မှုတွေ လုပ်ဆောင်နေတဲ့ ပရဟိတသမားဖြစ်ပြီး စစ်ကောင်စီက သူ့ကို PDF နဲ့ ဆက်စပ်ပတ်သက်တယ်ဆိုပြီး လိုက်လံဖမ်းဆီးနေတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013