DVB Logo
Home
မြန်မာသတင်း
မြန်မာသံအမတ်ဟောင်း ဦးကျော်စွာမင်း လုံခြုံရေးအန္တရာယ်ရှိနေသဖြင့် လန်ဒန်ရဲစခန်းတိုင်ကြား
DVB
·
August 16, 2021
မြန်မာသံအမတ်ဟောင်း ဦးကျော်စွာမင်း လုံခြုံရေးအန္တရာယ်ရှိနေသဖြင့် လန်ဒန်ရဲစခန်းတိုင်ကြား
Donate to DVB

ယူကေနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဟောင်း ဦးကျော်စွာမင်းဟာ လုံခြုံရေးအန္တရာယ်ရှိနေကြောင်း လန်ဒန်မြို့တော်ရဲတပ်ဖွဲ့နဲ့ ဗြိတိသျှနိုင်ငံခြားရေး၊ ဓနသဟာယနဲ့ ဖွံ့ဖြိုးရေးရုံးဆီ တိုင်ကြားထားတယ်လို့ သိရပါတယ်။

“ပြီးခဲ့တဲ့ ဩဂုတ် ၁၄ ရက်၊ စနေနေ့ညနေပိုင်းကတည်းက လန်ဒန်မြောက်ပိုင်းက သံအမတ်ကြီး နေထိုင်နေတဲ့ နေအိမ်အပြင်ဘက်မှာ မြန်မာစစ်အုပ်စုဩဇာခံတွေ မသင်္ကာဖွယ်ရာ လှုပ်ရှားသွားလာမှုတွေ၊ စောင့်ကြည့်မှုတွေကို ခြိမ်းခြောက်မှုအသွင်နဲ့ တွေ့လာရ တယ်”လို့ ဗြိတိန် အခြေစိုက် အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတခုဖြစ်တဲ့ Myanmar Accountability Project(MAP)အဖွဲ့ရဲ့ ဒါရိုက်တာ ခရစ္စတိုဖာ ဂန်းနက်စ်က ပြောပါတယ်။

လန်ဒန်မြို့လမ်းမတွေပေါ်မှာ ခုလိုခြိမ်းခြောက်တဲ့ အပြုအမူတွေကို သက်ဆိုင်ရာ ယူကေအာဏာပိုင်တွေအနေနဲ့ ပြတ်ပြတ်သားသား အဆုံးသတ်အရေးယူနိုင်ဖို့ မျှော်လင့်တယ်လို့  MAP  ကထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို လုပ်ကြံဖို့ကြံစည်တဲ့သူ ၂ ဦးကို အက်ဖ်ဘီအိုင်က ဖမ်းဆီးရမိခဲ့ပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက မတရားအာဏာသိမ်းယူထားပြီး မိမိနိုင်ငံသား ၁၀၀၀ လောက်ကို သတ်ဖြတ်ခဲ့တဲ့ မြန်မာစစ်အစိုးရဟာ  လန်ဒန်နဲ့ နယူးယောက်မှာ ခုလိုမျိုး ခြိမ်းခြောက်မှုတွေလုပ်ခဲ့တာဟာ မြောက်ကိုရီးယားပုံစံစစ်စစ်ဖြစ်တယ်လို့လည်း  MAP အဖွဲ့က ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၈ ရက်က လန်ဒန်မြို့ မြန်မာသံရုံးမှာ သံအမတ်ကြီး ဦးကျော်စွာမင်း  အပြင်ခဏသွားခိုက်   စစ်သံမှူး ဗိုလ်မှူးကြီးစိုးအောင်နဲ့ သံမှူးကြီး ဦးချစ်ဝင်းတို့အဖွဲ့က သံရုံးကိုဝင်ရောက်ထိန်းသိမ်းထားလိုက်ပြီး သံအမတ်ကြီးကိုလည်း သံရုံးထဲ ပေးမဝင်တော့ဘဲ သော့ခတ်ထားလိုက်တာပါ။

ဒီနောက် သံမှူးကြီး ချစ်ဝင်းကို စစ်ကောင်စီက သံရုံး တာဝန်ခံ အဖြစ် ခန့်အပ်ခဲ့ပြီး ဦးကျော်စွာမင်းကိုတော့ အလုပ်ကနေ ထုတ်ပယ်လိုက်ပြီလို့ ကြေညာခဲ့ပါတယ်။

Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013