DVB Logo
Home
မြန်မာသတင်း
SSPP ရှမ်းလက်နက်ကိုင်အဖွဲ့ နှစ် ၅၀ ပြည့်အခမ်းအနား ဝမ်ဟိုင်းစစ်ဌာနချုပ်၌ ကျင်းပ
DVB
·
August 16, 2021
SSPP ရှမ်းလက်နက်ကိုင်အဖွဲ့ နှစ် ၅၀ ပြည့်အခမ်းအနား ဝမ်ဟိုင်းစစ်ဌာနချုပ်၌ ကျင်းပ
1 / 3
Donate to DVB

ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တည်ထောင်ခြင်း နှစ် ၅၀ ပြည့် ရွှေရတု အထိမ်းအမှတ်အခမ်းအနားကို ရှမ်းပြည်နယ်တောင်းပိုင်း၊ ကျေးသီးမြို့နယ်၊ ၀မ်ဟိုင်းဒေသမှာရှိတဲ့ ဗဟိုဌာနချုပ်နယ်မြေမှာ ဩဂုတ် ၁၆ ရက် ဒီနေ့မနက်ပိုင်းက ကျင်းပပါတယ်။

အခမ်းအနားမှာ SSPP ပါတီတည်ထောင်ခြင်း နှစ် ၅၀ ပြည့် အထိမ်းအမှတ်ကျောက်တိုင် ဖွင့်ပွဲပြုလုပ်ခဲ့ပြီး ဗဟိုကော်မတီဝင်‌တွေ ကေဒါတပ်သားတွေနဲ့ ပြည်သူလူထုတွေ တက်ရောက်ခဲ့ကြပါတယ်။

ရှမ်းတိုင်းရင်းသားတွေရဲ့လက်နက်ကိုင်တော်လှန်ဟာ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းတုံမြို့နယ်မှာ နွမ်စစ်ဟန် (ရဲရင့်သောလူငယ်စစ်သည်တော်)အမည်နဲ့ ၁၉၅၈ ခုနှစ်၊ မေလ ၂၁ ရက်နေ့မှာ စတင်‌ပေါ်ထွက်လာခဲ့ပါတယ်။

၁၉၆၀ ပြည့်နှစ် နောက်ပိုင်းမှာတော့ နွမ်စစ်ဟန် အပြင် ခွန်ကြာနု၊ စဝ်ဆေလင်း၊ စဝ်ဆေထင်တို့ ဦးဆောင်တဲ့ ရှမ်းပြည်လွတ်လပ်ရေးတပ်မတော် (Shan State Independence Army)၊ စဝ်ငါးခမ်း ဦးစီးတဲ့ ရှမ်းအမျိုးသားတပ်မတော် (Shan National Army)၊ စဝ်ကွမ်းဇိဏ်း(ခ) မိုးဟိန်းဦးစီးတဲ့ (Shan National United Front)စ‌တဲ့ တပ်ဖွဲ့တွေ ထပ်မံပေါ်ပေါက်လာပါတယ်။

၁၉၆၄ ခုနှစ် ဧပြီ ၂၄ ရက်နေ့မှာ မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး သမ္မတ စဝ်ရွှေသိုက်ရဲ့ ကြင်ယာတော်မဟာဒေဝီစဝ်နန်းဟိန်းခမ်းကို နာယကထားပြီး ရှမ်းလက်နက်ကိုင်‌တွေစုစည်းကာ ရှမ်းပြည်တပ်မတော် (Shan State Army)ကိုဖွဲ့စည်းခဲ့ပါတယ်။

၁၉၆၉ ခုနှစ် ဇန်နရီလမှာတော့ စဝ်ကွမ်းဇိဏ်း(ခ) မိုးဟိန်းဟာ ရှမ်းပြည်တပ်မတော် (SSA) ကနေခွဲထွက်ခဲ့ပြီး SURA (Shan United Revolutionary Army) အမည်နဲ့ ပြန်လည်ရပ်တည်ခဲ့ပါတယ်။

ကျန်တဲ့ ရှမ်းပြည်တပ်မတော် (SSA)အင်အားစုတွေဟာ နိုင်ငံရေးအရ ဦးဆောင်နိုင်ဖို့ ၁၉၇၁ ခုနှစ်၊ ဩဂုတ်လ ၁၆ ရက်နေ့မှာ ရှမ်းပြည်တိုးတက်ရေးပါတီကို (Shan State Progress Party)ကို ဖွဲ့စည်းခဲ့ပါတယ်။

လက်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) ဟာ ‌မြောက်ပိုင်း မဟာမိတ်တပ်ပေါင်းစု နဲ့ နိုင်ငံရေး၊ စစ်ရေးမှာ ပူးပေါင်းဆောင်ရွက်နေသလို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ  (RCSS/SSA) နဲ့လည်း တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013