DVB Logo
Home
နိုင်ငံရေး
“အောင်လံလွှင့်ချီ နွေဦးထီ လုံးဝအောင်မြင်မယ်လို့ယုံကြည်တယ်” NUG ဒုဝန်ကြီး ဦးမင်းဇေယျာဦး
DVB
·
August 16, 2021
“အောင်လံလွှင့်ချီ နွေဦးထီ လုံးဝအောင်မြင်မယ်လို့ယုံကြည်တယ်” NUG ဒုဝန်ကြီး ဦးမင်းဇေယျာဦး
1 / 2
Donate to DVB

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ အောင်လံလွှင့်ချီနွေဦးထီ ဩဂုတ် ၁၅ ရက်က ညနေပိုင်းက စတင်ရောင်းချခဲ့ပြီး အဲနေ့ တစ်ရက်တည်းမှာတင် သတ်မှတ်ထားတဲ့ ထီစောင်ရေ ၅၀၀၀၀ ရောင်းချခဲ့ရတယ်လို့ NUG အစိုးရရဲ့ စီမံကိန်း၊ ဘဏ္ဍာနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ဒုဝန်ကြီး ဦးမင်းဇေယျာဦးက ဒီဗွီဘီကို ပြောပါတယ်။  

ဒုဝန်ကြီး ဦးမင်းဇေယျာဦးကို NUG အစိုးရရဲ့ အောင်လံလွှင့်ချီနွေဦးထီ ဖွင့်လှစ်ရောင်းချရတဲ့ ရည်ရွယ်ချက်၊ နွေဦးထီထိုးတဲ့သူတွေကို စစ်ကောင်စီက ခြိမ်းခြောက်နေတာ၊ နွေဦးထီအစီအစဉ် အောင်မြင်နိုင်ပါ့မလား စတာတွေနဲ့ ပတ်သက်ပြီး DVB သတင်းထောက် ကျော်ဇေယျာဝင်းက ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ NUG အနေနဲ့  အောင်လံလွှင့်ချီနွေဦး ထီဖွင့်လှစ်ရောင်းချရတဲ့ ရည်ရွယ်ချက်လေးပြောပြပေးပါ။

ဖြေ။    ။ အောင်လံလွှင့်ချီ နွေဦးထီ (e-lottery) ရဲ့ ရည်ရွယ်ချက်ကတော့ ဒီမိုကရေစီ တိုက်ပွဲ အောင်မြင်ရေးနဲ့ ပြည်သူလူထုကောင်းကျိုး ထမ်းဆောင်ဖို့အတွက်ပဲ ဖြစ်ပါတယ်။ 

မေး။     ။ စစ်ကောင်စီအနေနဲ့  နွေဦးထီထိုးတဲ့သူတွေကို ဖမ်းမယ်ဆီးမယ်ဆိုပြီး ခြိမ်းခြောက်တာမျိုးတွေရှိနေတာတွေ့ရတယ်။ အဲ့ဒီအတွက် ထီထိုးသူတွေရဲ့ လုံခြုံရေးအတွက် ဘယ်လိုတွေ စီစဉ်ဆောင်ရွက်ထားလဲ။

ဖြေ။    ။ အဓိကက ထီထိုးသူရဲ့ လုံခြုံရေးအတွက်က အစကတည်းက ကျနော်တို့ရှင်းပြပြီးသားရှိပါတယ်။ ထီထိုးသူက ကိုယ်မပြောရင် ဘယ်သူမှမသိနိုင်တဲ့ စနစ်ဖြစ်နေတာပေါ့။ ထီထိုးသူနဲ့ Service Centre ကြားက Agreement တော့ရှိတယ်။ ကျနော်တို့  Service Centre ဘက်ကတော့ ဘယ်တော့မှထုတ်ဖော်ပြောသွားမှာမဟုတ်ဘူး။ ထီထိုးသူတွေအနေနဲ့ ထီဘယ်လိုထိုးလို့တယ်လို့ အွန်လိုင်းမတင်ဘူးဆို အေးအေးဆေးဆေးပါပဲလို့။ နောက်ပြီး ဒီအကောင့်ကလိုက်ဖို့လည်း မလွယ်ပါဘူး။ ဘာလို့မလွယ်လည်းဆိုတော့ ထီက အများဆုံးမှ sim card  တစ်ကတ်ကို တစ်သိန်းဆိုတဲ့အခါကျတော့ မိသားစုအချင်းချင်း၊ သူငယ်ချင်းအချင်းချင်း ဒီငွေပမာဏက လွှဲပြောင်းနေတဲ့ကိစ္စရပ်တွေရှိနေတာပဲလေ။ 

မေး။ ထီစတင်ရောင်းချတဲ့နေ့မှာပဲ နာရီပိုင်းအတွင်း ရောင်းချမယ့် ထီစောင်ရေပြည့်သွားတယ်လို့ သိရတယ်။ အဲ့အကြောင်းလေးပြောပြပေးပါခင်ဗျ။

ဖြေ။ ကျနော်တို့ သတ်မှတ်ထားတဲ့  အစောင်ရေပြည့်သွားတာပေါ့။ ထီအစောင်ရေပြည့်သွားတယ်ဆိုတာ အော်ဒါမှာတင်ပြည့်သွားတာပါ။ ညနေ ၄ နာရီကနေ စရောင်းတယ်။ တစ်နာရီအတွင်း အော်ဒါပြည့်သွားတယ်ပေါ့လေ။ အစောင်ရေပြည့်သွားပေမယ့် အလုပ်ကတော့ဆက်လုပ်နေတဲ့ သဘောရှိပါတယ်။ ထီက တရက်တည်းရောင်းတာမဟုတ်ပါဘူး။ နောက်နေ့တွေလည်း ဆက်ရောင်းမှာပါ။ အခုဟာက Pilot Project ဖြစ်တဲ့အတွက်ကြောင့်မို့ အရောင်းရပ်လိုက်တာပါ။ ဒီနေ့ရောင်းချရတဲ့ အစောင်ရေက ငါးသောင်းရောင်းချခဲ့ပါတယ်။

မေး။       ။ထီဆုကြေး အမျိုးအစား ဘယ်နှမျိုးရှိလဲ။ ထီပေါက်တဲ့သူတွေကိုရော ဆုကြေး ဘယ်လိုရယူရမလဲ။

ဖြေ။      ။ ထီကတော့ တစ်ဆုကို ၁၅ သိန်းလို့ သတ်မှတ်ထားတာပါ။ ပေါက်တဲ့ထီဆုကလည်း လာထုတ်စရာမလိုပါဘူး။ NUG က ထီပေါက်တဲ့သူကို မှတ်တမ်းတင်ထားတာရှိပါတယ်။ ပေါက်တဲ့သူရဲ့ wallet account  ထဲကို ထီပေါက်စဉ်ထွက်ပြီးသွားရင် ပြန်ထည့်ပေးသွားမှာပါ။ 

မေး။     ။ အခုနွေဦးထီကို လူတော်တော်များများစိတ်ဝင်စားနေကြတာပေါ့။ တစ်စောင် ကျပ် ၂၀၀၀ ၊ ငါးစောင်ကို ကျပ်   ၁၀၀၀၀ ဆိုတော့ သာမန်လက်လုပ်လက်စား လူတန်းစား ထိုးနိုင်ပါ့မလား။ 

ဖြေ။      ။လောလောဆယ်က ကျနော်တို့က E-Lottery စနစ်ဖြစ်တယ်။ E-Lottery စနစ်ဖြစ်တဲ့အတွက် လုပ်ငန်းဆောင်တာအရကော၊ လုံခြုံရေးအတွက်ကော ထည့်တွက်ရတာရှိတယ်။ လုပ်ငန်းစဉ်တခုခုဆိုတဲ့အခါကျတော့ တစ်စောင်ချင်း နှစ်ထောင်နဲ့ ရောင်းပေးဖို့က ခက်ခဲတယ်။ ခက်ခဲတယ်ဆိုတာ လုပ်ရမယ့် Process  များတယ်။ အဲ့ဒီအတွက် အနည်းဆုံး ငါးစောင် တစ်သောင်း သတ်မှတ်ထားတာပါ။ လက်လုပ်လက်စားတွေအနေနဲ့လည်း သူတို့အချင်းချင်းစုပေါင်းပြီး တစ်ယောက်က ဝယ်ထိုးမယ်ဆိုလည်း ပြေလည်နိုင်ပါတယ်။ 

မေး။     ။ နွေဦးထီစိတ်ဝင်စားမှုမြင့်တက်လာချိန်မှာ Page အတုတွေ ထွက်လာတာရှိတယ်။ ဘယ်လိုဆောင်ရွက်သွားဖို့ရှိတယ်။

ဖြေ။    ။ ကျနော်တို့ရဲ့ အခု Page က ( https://www.facebook.com/nuglottery ) ကအမှန်ပါ။ ကျန်တဲ့ဟာတွေက ကျနော်တို့နဲ့ ပတ်သက်မှုမရှိပါဘူး။ ဥပဒေကြောင်းအရလည်း ဒီကိစ္စကို စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနက တိုက်ရိုက်စီစဉ်သွားမယ်ဆိုတော့ တခြားပေ့ချ်တွေနဲ့ Agent လုပ်ထားတာမရှိပါဘူး။ ကျနော်တိုပဲ တိုက်ရိုက်ရောင်းချပေးသွားမှာပါ။

မေး။    ။NUG ရဲ့ နွေဦးထီ အစီအစဉ် အောင်မြင်မယ်လို့ ယုံကြည်ပါသလား။

ဖြေ။     ။ လုံးဝအောင်မြင်မယ်လို့ ယုံကြည်တယ်။ လုံးဝအောင်မြင်မယ်။ အခုပြည်သူတွေက ပူးပေါင်းဆောင်ရွက်တယ်။ NUG  ထီဆိုတာက ပွင့်ပွင့်လင်းလင်းပြောရရင် NUG အစိုးရအတွက်ဝင်ငွေမဟုတ်ဘူး။ ပြည်သူထဲက ထီထိုးတယ်။ ဒီထဲကငွေတွေကို CDM  တွေကို ထောက်ပံ့ပေးတယ်။ NUG ရဲ့ ဝင်ငွေထဲကို မရောက်ဘူး။ ပြည်သူကနေ CDM တွေအတွက် ထောက်ပံ့တဲ့ ပုံသဏ္ဌာန်ဖြစ်တယ်။ ၃၀ ရာခိုင်နှုန်းကို NUG က ဆုအဖြစ်လုပ်ပေးတဲ့ သဘောပေါ့။ ဆိုလိုချင်တာက ပြည်သူအချင်းချင်းပူးပေါင်းဆောင်ရွက်တဲ့နေရာမှာ NUG က ဦးဆောင်ပေးတဲ့ သဘောပါ။ အောင်ကိုအောင်မြင်ရမယ်။

မေး။    ။ နွေဦးထီမှာ ပူးပေါင်းကြတဲ့ ပြည်သူတွေကို ဘာများပြောချင်လဲ။‌

ဖြေ။     ။  နွေဦးထီကို အားတက်သရော စတင်ဝယ်ယူကံစမ်းကြတဲ့အတွက် အထူးပင် ဝမ်းမြောက်ဂုဏ်ယူမိပါတယ်။ စရောင်းချတဲ့အချိန် တစ်နာရီအတွင်း သတ်မှတ်အစောင်ရေ ပြည့်သွားတဲ့အတွက် ထီရောင်းချခြင်းအား ရပ်နားလိုက်ရတာကို နားလည်ခွင့်လွှတ်ပေးစေလိုပါတယ်။ နွေဦးထီဟာ စစ်အာဏာရှင်ပြုတ်မကျမချင်း နေ့စဉ်ရက်ဆက် ရောင်းချသွားမှာဖြစ်တဲ့အတွက် ဒီကနေ့ ထိုးချင်သော်လည်း မထိုးလိုက်ရသူတွေ အနေနဲ့  နောက်ရက်တွေမှာ ဆက်လက်အားပေးသွားနိုင်မှာပဲ ဖြစ်ပါတယ်။ နောက်ရက်တွေမှာ သတ်မှတ်အစောင်ရေ အစွမ်းကုန် တိုးမြှင့်လက်ခံနိုင်အောင် ကြိုးစားဆောင်ရွက် သွားမှာပါ။

ကျေးဇူးတင်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013