DVB Logo
Home
မြန်မာသတင်း
ကျောက်မဲတွင် စစ်ရှောင်ပြည်သူများ အစားအသောက်နှင့် ဆေးဝါး အကူအညီလိုအပ်နေ
DVB
·
August 16, 2021
ကျောက်မဲတွင် စစ်ရှောင်ပြည်သူများ အစားအသောက်နှင့် ဆေးဝါး အကူအညီလိုအပ်နေ
1 / 6
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်မှာ တိုက်ပွဲပြင်းထန်လာတာကြောင့် တိမ်းရှောင်နေရတဲ့ ပြည်သူတွေ အစားအသောက်နဲ့ ကျန်းမာရေး ဆေးပစ္စည်းတွေ လိုအပ်နေတယ်လို့ အကူအညီပေးနေသူတွေဆီက သိရပါတယ်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/SSA) နဲ့ SSPP/SSA ရှမ်းပြည်မြောက်ပိုင်းတပ်နဲ့ တအာင်းပလောင် (TNLA) ပူးပေါင်းတပ်တို့အကြား ဩဂုတ် ၁၁ ရက်နေ့ကတည်းက တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် ဒေသခံတွေ ထွက်ပြေးနေကြရတာပါ။

ပန်ကွမ်ကျေးရွာ၊ ရွာဟောင်းနဲ့ ပန်ဖြတ်ကျေးရွာ တွေဘက်မှာ ဩဂုတ် ၁၁ ရက်နေ့ လောက်ကတည်းက တိုက်ပွဲဖြစ်ပွားနေတာကြောင့် တိမ်းရှောင်သူတွေ တဖြည်းဖြည်း တိုးလာနေတယ်လို့ နမ့်ခုံးရှမ်းများ ပရဟိတအသင်းဝင်တဦးဖြစ်တဲ့ မနန်းမွေဆိုင်က ပြောပါတယ်။

“ကျောက်မဲကို ပြေးလာတဲ့လူတွေကတော့ တဖြည်းဖြည်း တိုးလာတာပေါ့။ စစချင်းကတော့ ဘုန်းကြီးကျောင်း တစ်ကျောင်းကို လေး၊ ငါး၊ ဆယ်ယောက်ပဲ ရှိတယ်။ နှစ်ရက်က။ အခုတော့ ၉၀ ကျော်လောက် ရှိပြီ။ အဲဘက်ကဆိုရင် နှစ်ရွာ၊ သုံးရွာလောက်ပေါ့နော်။”

စစ်ဘေးရှောင်တွေထဲမှာ သက်ကြီးရွယ်အိုတွေလည်း အများအပြားပါဝင်ပြီး ကျန်းမာရေးဆိုင်ရာ ဆေးပစ္စည်းတွေနဲ့ စားနပ်ရိက္ခာတွေ အဓိက လိုအပ်နေတယ်လို့ စစ်ရှောင်ပြည်သူတစ်ဦးက ပြောပါတယ်။

“အများလိုတာကတော့ စားနပ်ရိက္ခာပေါ့။ အခြေအနေကတော့ ဘယ်လောက်ထိနေရမှာလည်း မသိသေးဘူး။ ပစ်သံတော့ မကြားဘူး။ ဗုံးသံတော့ကြားတယ်။ အခုဆို ရွာထဲမှာ စစ်သားတွေ ရှိထားတယ်လေ။ အိမ်ပြန်လို့ မရဘူး။ လူတွေကလည်း ရောဂါက တစ်မျိုး၊ ဒီလိုမျိုးပြေးရတာက တစ်မျိုး။” 

လောလောဆယ် ကျောက်မဲမြို့နယ်အတွင်း ကျောက်မဲ ၉ တိလင်ရပ်ကွက်မှာ စစ်ဘေးရှောင် ၇၀ ကျော်၊ ၁ ရပ်ကွက်မှာ ၃၀ နီးပါး၊ ပိန္နဲကုန်းမှာ ၈၀ နီးပါး၊ ကောင်းအက်ရွာမှာ ၉ ဦး၊ ၂ ရပ်ကွက်မှာ ၁၀ ဦးကျော်၊ နမ့်စော့ စာသင်ကျောင်းမှာ ၁၀၀ ကျော်၊ မိုင်းတင်းမှာ ၃၀၊ ပြိန်းခါးမှာ ၉ ဦး၊ လွယ်ကုန်မှာ ၈၀ စုစုပေါင်း စစ်ဘေးရှောင် စုစုပေါင်း ၄၂၉ ဦး ရှိတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လဆန်းပိုင်းတုန်းကလည်း RCSS/SSA နဲ့ SSPP/SSA၊ TNLA ပူးပေါင်းတပ်တို့ အကြား တိုက်ပွဲကြောင့် ကျောက်မဲမြို့ထဲက ၂၆၂ ဦးနဲ့ မိုင်းငေါ့က ၄၇၀၊ စုစုပေါင်း ၇၃၂ ဦး ယာယီ တိမ်းရှောင်နေရဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

Pra Jaw

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013