
ဝါရှင်တန်ဒီစီမှာ ကျင်းပတဲ့ ညစာစားပွဲတခုမှာ သမ္မတ ဒေါ်နယ်ထရမ့်ပ်ကို လုပ်ကြံဖို့ ကြိုးပမ်းမှု ဖြစ်ပွားခဲ့ပြီးနောက် လာမဲ့ကမ္ဘာ့ဖလားအတွက် လုံခြုံရေးအရ အရေးပါတဲ့ ပြည်တွင်းလုံခြုံရေးဌာန (DHS) ကို ပြန်ဖွင့်ပေးဖို့ အိမ်ဖြူတော်က တောင်းဆိုလိုက်ပါတယ်။
ဘတ်ဂျက်ကိစ္စ အငြင်းပွားမှုကြောင့် DHS ဌာနဟာ ရက်ပေါင်း ၁၁၀ ကျော်အထိ တစိတ်တပိုင်း ပိတ်ထားရတာပါ။
ကမ္ဘာ့ဖလားပွဲစဉ်တွေမှာ လုံခြုံရေး အဓိကတာဝန်ယူရမဲ့ ဒီဌာန ပိတ်ထားရခြင်းက ပြင်ဆင်မှုတွေကို ထိခိုက်စေနိုင်တယ်လို့ တာဝန်ရှိသူတွေက စိုးရိမ်နေကြပါတယ်။
သမ္မတ ထရမ့်ပ်ကလည်း လာမဲ့ ဇွန်လဆန်းမှာ ဒီပြဿနာကို အပြီးသတ်ဖြေရှင်းဖို့ လွှတ်တော်ကို တိုက်တွန်းထားပါတယ်။
ကမ္ဘာ့ဖလားပြိုင်ပွဲကို ဇွန် ၁၁ ရက်မှာ စတင်မှာဖြစ်လို့ နိုင်ငံတကာဧည့်သည် သန်းနဲ့ချီ လာရောက်မဲ့ အချိန်မှာ လုံခြုံရေးက အရေးကြီးဆုံးဖြစ်တယ်လို့ အိမ်ဖြူတော်က ဆိုပါတယ်။
Photo: Reuters










