DVB Logo
Home
မြန်မာသတင်း
ဖရူဆိုတွင် ကရင်နီရဲဘော် ၁ ဦးနှင့် ဒေသခံ ၁ ဦး ပစ်သတ်ခံရ
DVB
·
May 15, 2026
Photo: DVB
Photo: DVB
Donate to DVB

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်အတွင်းရှိ ဝှယ်ဒူးလျား စစ်ရှောင်စခန်းမှာ ကျန်ခဲ့တဲ့ ဝက်တွေကို ပြန်လွှတ်ဖို့ သွားခဲ့တဲ့ KA (Karenni Army) ရဲဘော်တယောက်နဲ့ ဒေသခံရွာသားတယောက်ဟာ စစ်တပ်စစ်ကြောင်းနဲ့ လမ်းမှာ ထိပ်တိုက်တိုးပြီး ပစ်ခတ်ခံရကာ သေဆုံးသွားတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။

ဒီဖြစ်စဉ်ဟာ မေ ၁၀ ရက်က ဖြစ်ပွားခဲ့တာဖြစ်ပြီး မေ ၈ ရက်မှာ စစ်တပ် မီးရှို့ဖျက်ဆီးသွားခဲ့တဲ့ ဝှယ်ဒူးလျား စစ်ရှောင်စခန်းထဲမှာ ကျန်နေတဲ့ ဝက်တွေကို ပြန်လွှတ်ပေးဖို့ သွားခဲ့ချိန် လမ်းမှာ စစ်တပ်စစ်ကြောင်းနဲ့ တိုးမိခဲ့တာလို့ သိရပါတယ်။

ဒေသခံတယောက်က “စစ်တပ်ဝင်လာပြီး စခန်းကို မီးရှို့သွားတော့ စစ်ရှောင်တွေလည်း အကုန် ထွက်ပြေးခဲ့ရတယ်။ ကျန်ခဲ့တဲ့ဝက်တွေ သေမသွားအောင် ပြန်လွှတ်ဖို့ သွားတာပေမဲ့ လမ်းမှာ စစ်ကြောင်းနဲ့တိုးပြီး အဝိုင်းခံလိုက်ရတယ်” လို့ ပြောပါတယ်။

ထိပ်တိုက်တွေ့ပြီးနောက် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပေမဲ့ အင်အားမမျှတာကြောင့် KA ရဲဘော် တယောက်နဲ့ ဒေသခံတယောက် ပစ်သတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

ဒေသခံသတင်းရင်းမြစ်တယောက်က “အခုချိန်ထိ စစ်တပ်က စစ်ရှောင်စခန်းအနီးတဝိုက်မှာ ရှိနေသေးတယ်။ မြေမြှုပ်မိုင်းတွေလည်း စစ်ရှောင်စခန်းအနီးမှာ ထောင်ထားတယ်။ စစ်ရှောင်တွေက အခုထိ မပြန်ရဲသေးဘဲ တောထဲမှာပဲ ထွက်ပြေးတိမ်းရှောင်နေရတုန်း” လို့ ပြောပါတယ်။

ဝှယ်ဒူးလျား စစ်ရှောင်စခန်းဟာ မေ ၈ ရက်က စစ်တပ် မီးရှို့ဖျက်ဆီးခဲ့တာကြောင့် စစ်ရှောင်နေအိမ် ၃၀ ကျော် ပျက်စီးခဲ့ပြီး စစ်ရှောင်ပြည်သူတွေက ဘေးလွတ်ရာ တောတွင်းနဲ့ အနီးပတ်ဝန်းကျင် ဒေသတွေကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ သိရပါတယ်။

အဲဒီစစ်ရှောင်စခန်းမှာ အိမ်ထောင်စု ၆၀ ကျော်နဲ့ လူဦးရေ ၃၀၀ ကျော်ရှိပြီး လက်ရှိအချိန်မှာ စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ အဝတ်အထည်တွေ အရေးပေါ်လိုအပ်နေပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013