DVB Logo
Home
မြန်မာသတင်း
လူဦးရေ ၄၀၀ ကျော်ရှိသည့် ငတရံစစ်ဘေးရှောင်စခန်း ရိက္ခာပြတ်လပ်
DVB
·
August 15, 2021
လူဦးရေ ၄၀၀ ကျော်ရှိသည့် ငတရံစစ်ဘေးရှောင်စခန်း ရိက္ခာပြတ်လပ်
1 / 2
Donate to DVB

စစ်ရှောင် ၄၀၀ ကျော်နေထိုင်တဲ့ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်ကြားက ငတရံ စစ်ဘေးရှောင်စခန်းမှာ ပြီးခဲ့တဲ့ ၁ ပတ်အတွင်း စားနပ်ရိက္ခာပြတ်လပ်သွားတာကြောင့် ဆန်နဲ့မျှစ်ကိုရောပြီး ဆန်ပြုတ်သောက်နေရတယ်လို့ သိရပါတယ်။

အဆိုပါစစ်ဘေးရှောင်စခန်းဟာ မိုးတွင်းသွားလာရခက်ခဲပြီး ကူညီပေးသူတွေ ရောက်ရှိမှုနည်းပါးသလို နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ထောက်ပံ့ကူညီမှုမရှိတာကြောင့် စားနပ်ရိက္ခာပြတ်လပ်မှုတွေနဲ့ကြုံတွေ့နေရပြီး အရေးပေါ်အကူအညီ လိုအပ်နေတယ်လို့ စစ်ဘေးရှောင်တွေကိုကူညီပေးနေတဲ့ မြတန်ဆောင်းဆရာတော်က မိန့်ပါတယ်။

“လက်ရှိအနေအထားကတော့ သူတို့က တောင်ပေါ်တက်လိုက် မျှစ်လေးချိုးလိုက်၊ ကဒက်ဥ တူးလိုက်၊ အဲဒီလိုမျိုး စားနေကြတာ။ အခုက သူတို့ သွားရေးလာရေးမှာ မိုးကြီးတယ်၊ ရေကြီးတယ်ဆိုတဲ့အခါကျတော့ သွားလို့လာလို့လည်း အဆင်မပြေဘူး၊ ဝါးတွေဘာတွေသွားခုတ်တယ်ဆိုရင်လည်း ကိုဗစ်ကာလနဲ့ ဝယ်မဲ့သူကမရှိတော့ ဘယ်လိုမှ သူတို့ အဆင်မပြေဘူး။ ဘယ်လောက်အထိ အဆင်မပြေဘူးဆိုရင် တစ်မိသားစု ဆန်နို့ဆီဘူး ၄ ဘူးစားတယ်ဆိုရင် အခု ၂ ဘူးပဲ စားရတယ်၊ တချို့ဆိုရင် မျှစ်နဲ့ ဆန်ကိုရောပြီးတော့ ဆန်ပြုတ်ကျိုသောက်နေကြရတယ်လို့ သူတို့က ပြောတယ်။ တော်တော်လည်း စိတ်မကောင်းဖြစ်ရတယ်၊ အဲဒါကြောင့် သူတို့ကို အရေးပေါ်ကူညီပေးဖို့လိုအပ်နေတာပေါ့။”

အဆိုပါစစ်ဘေးရှောင်စခန်းမှာ ပြီးခဲ့တဲ့ ၂ နှစ်ကျော်ကတည်းက ပလက်ဝမြို့နယ်ရှိကျေးရွာတွေနဲ့ ကျောက်တော်မြို့နယ်ရှိ ကျေးရွာတွေက စစ်ဘေးရှောင် ၄၄၀ ကျော်နဲ့ မိသားစု ၁၀၀ ကျော် ခိုလှုံနေထိုင်နေကြတာလို့ ဆိုပါတယ်။

အဲဒီဒုက္ခသည်တွေကို အစိုးရက တရားဝင် အသိအမှတ်မပြုထားတာကြောင့် နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ကူညီထောက်ပံ့မှုတွေကို မရရှိဘဲ ကိုယ့်ဟာကိုယ် ရှာဖွေစားသောက်နေကြရပြီး လက်ရှိ ကိုဗစ်ကာကာလမှာ ရှာဖွေစားသောက်ဖို့ အခက်အခဲ ကြုံနေကြတာလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013