DVB Logo
Home
မြန်မာသတင်း
ဘုတလင်စည်ပင်က တအိမ်တက်ဆင်း အခွန်ငွေ ခြိမ်းခြောက်ကောက်ခံ
DVB
·
August 15, 2021
ဘုတလင်စည်ပင်က တအိမ်တက်ဆင်း အခွန်ငွေ ခြိမ်းခြောက်ကောက်ခံ
Donate to DVB

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့က စည်းကြပ်ခွန် ဖြတ်ပိုင်းတွေ ကိုင်ဆောင်ပြီး ရပ်ကွက်နေအိမ်တွေမှာ ဩဂုတ် ၁၄ ရက်နေ့က ခြိမ်းခြောက်ငွေကောက်ခံနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မြို့ခံတဦးက “ကျနော်တို့ရပ်ကွက်ထဲက အိမ်တွေကို အဆောက်အုံအခွန်နဲ့ ဝင်းမြေခွန်ဆိုပြီး လာကောက်တယ်။ အခွန်မဆောင်ရင် စည်ပင်သာယာဥပဒေနဲ့ တရားစွဲမယ်။ ပုဒ်မက ဘယ်လောက်၊ ဘယ်ရွေ့ရှိတယ်။ ထောင်ဘယ်နှနှစ် ကျနိုင်တယ်၊ အဲလိုတွေပြောပြီး အခွန်အတင်းအကျပ်ဆောင်ခိုင်းတယ်ဗျ။”

ကိုဗစ်-၁၉ ကြောင့် တနိုင်ငံလုံးက ပြည်သူတွေ အခက်အခဲ ဖြစ်နေချိန်မှာ အခုလို အတင်းအကျပ် ငွေကောက်နေတာ ဓားပြတိုက်သလို ဖြစ်နေတယ်လို့ ဆိုပါတယ်။

“ကျနော်တို့မြို့နယ်မှ မဟုတ်ဘူးလေ၊ မြန်မာတနိုင်ငံလုံး ကိုဗစ်-၁၉ ရောဂါဖြစ်နေလို့ လူတွေ ထမင်းတောင်နပ်မမှန်တဲ့အချိန်ဗျာ၊ ဒီအခွန်မဆောင်ရင် ဖမ်းမယ်၊ ဆီးမယ်ဆိုတော့ တရားမလွန်ဘူးလားဗျာ။ အခွန်ဆောင်ရမဲ့ငွေ Amount က မများဘူးဆိုပေမဲ့ ဒီအချိန် ဘာမှ အလုပ်အကိုင်မရှိတဲ့အချိန် ဓားပြတိုက်သလို ပြည်သူကို အခွန်တောင်းနေတာ ကြားလို့မှ ကောင်းသေးလားဗျာ။ ကျနော်ကတော့ ပိုက်ဆံမရှိတော့ မဆောင်လိုက်ဘူး။” လို့ မြို့ခံက ပြောပါတယ်။

မြို့နယ်အတွင်းမှာ စည်ပင်အခွန်ကောက်ခံတာကို ကြောက်လို့ ဆောင်လိုက်သူတွေရှိသလို အချို့ကလည်း စီပွားရေးမပြေလည်လို့ မဆောင်သူတွေလည်း ရှိနေပြီး အများစုကတော့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ထားတဲ့ ဥပဒေအတိုင်း စစ်ကောင်စီကို အားပေးအားမြှောက်ဖြစ်စေမဲ့ အခွန်ဆောင်တာတွေ မလုပ်ကြဘူးလို့ မြို့ခံတွေက ပြောပါတယ်။

အခွန်ငွေ ၁၅ ရက်အတွင်း မပေးဆောင်တဲ့သူတွေကို စစ်ကိုင်းတိုင်း စည်ပင်သာယာရေးဥပဒေ ပုဒ်မ ၁၇၇ အရ ကျင့်သုံးဆောင်ရွက်သွားမယ်လို့ အခွန်ပြေစာမှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013