DVB Logo
Home
မြန်မာသတင်း
နွေဦးတော်လှန်ရေး ၆ လခွဲအကြာ ကျဆုံးပြည်သူ ၉၇၀ ကျော်၊ ဖမ်းဆီးခံရသူ ၇၂၀၀ ကျော်ရှိလာ
DVB
·
August 15, 2021
နွေဦးတော်လှန်ရေး ၆ လခွဲအကြာ ကျဆုံးပြည်သူ ၉၇၀ ကျော်၊ ဖမ်းဆီးခံရသူ ၇၂၀၀ ကျော်ရှိလာ
Donate to DVB

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်းကာလ ၆ လခွဲနီးပါးအကြာ အာဏာသိမ်းစစ် ကောင်စီတပ်ရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၉၇၁ ယောက်ထိ ရှိလာခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ ဩဂုတ် ၁၄ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ်ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ပြည်သူ ၇၂၀၆ ယောက် ဖမ်းဆီးခံခဲ့ရကာ ၅၆၀၄ ယောက်ကတော့ လက်ရှိချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၂၅၅ ယောက်က တော့ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။

ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက်အပါအဝင် ၂၆ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။

အမှုဖွင့်ခံထားရပြီး ဖမ်းဝရမ်းထုတ်ခံထားရတဲ့အတွက် တိမ်းရှောင်နေသူ အရေအ တွက်ကတော့ ၁၉၈၄ ယောက်ရှိနေပြီး သူတို့ထဲက မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ ၃၉ ယောက်အပါအဝင် ၁၁၈ ယောက်ဟာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခံထားရကာ  သေ ဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၆၅ ယောက် ရှိခဲ့ပြီဖြစ်ပါတယ်။

ဩဂုတ် ၁၃ ရက်ညနေပိုင်းက ကချင်ပြည်နယ်၊ ဝူယန်ကျေးရွာက ဒေါ်လန်းပြုံး (Lang Pyung)နဲ့ ခင်ပွန်းဖြစ်သူတို့ဟာ ဝိုင်းမော်မြို့ကနေ ဈေးဝယ်ပြီးအပြန် ခလရ ၅၈ တပ်ရင်းရှေ့ ကားလမ်းကို ဆိုင်ကယ်နဲ့ ဖြတ်သန်းသွားစဉ် ခလရ ၅၈ က ပစ်ခတ်ခဲ့တဲ့အ တွက် ဒေါ်လန်းပြုံးရဲ့ ဘယ်ဘက်နံရိုးကြားမှ ညာဘက်နံရိုးကြားကို ထုတ်ချင်းပေါက် ဒဏ် ရာရရှိခဲ့ပြီး ဝိုင်းမော်မြို့ဆေးရုံမှာ ကျဆုံးသွားခဲ့ပြီး ခင်ပွန်းဖြစ်သူကတော့ လွတ်မြောက်သွားတယ်လို့ သိရှိရပါတယ်။

ဩဂုတ်လ ၁၂ ရက်နေ့မှာတော့ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ပါမွန်းချောင်းရွာ သား ကို Joshua ကို အကြမ်းဖက်စစ်အုပ်စုတပ်က ဖမ်းဆီးခဲ့ပြီး သေနတ်နဲ့ သူ့ရဲ့ ဦးခေါင်း နောက်စေ့ကနေ ပစ်သတ်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ်၊ ကျီကုန်းကျေးရွာကို သြဂုတ် ၁ဝ ရက်နေ့ ညအချိန်က အကြမ်းဖက်စစ်အုပ်စုတပ်က ဝင်ရောက်စီးနင်းခဲ့ပြီး ရွာသားယောက်ဖြစ်သူ ဦးညီညီလတ်ကို အကြောင်းမဲ့ ဖမ်းဆီးကာ ဝိုင်းဝန်းရိုက်နှက်ခဲ့ကြတယ်လို့ သိရပြီး အဲဒီလို ဝိုင်းရိုက်တဲ့အတွက် ဦးညီညီလတ်က ထွက်ပြေးစဉ် ပစ်သတ်ခဲ့တယ်လို့ သိရပါတယ်။ သူ့ ရဲ့ ရုပ်အလောင်းကို ရွာလှေဆိပ်မှာ ပြန်လည်တွေ့ရှိခဲ့ပြီး ခန္ဓာကိုယ်မှာ ဒဏ်ရာတွေနဲ့အတူ လည်ပင်းနဲ့ ဦးခေါင်းမှာတော့ သေနတ်ဒဏ်ရာတွေကို တွေ့ရှိရတယ်လို့ ဒေသခံပြည်သူတွေရဲ့ ပြောကြားချက်အရ သိရှိရပါတယ်။

အေအေပီပီအနေနဲ့ လက်ရှိအခြေအနေတွေကို နေ့စဉ်စောင့်ကြည့်မှတ်တမ်းတင် နေတာဖြစ်ပြီး စစ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခံ ထားရသူတွေ စာရင်းကို နေ့စဉ်ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ် ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီး သီးက ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာကို သိရှိပါက အေအေပီပီ အီးမေးလ်၊ ဖေ့စ်ဘွတ်ခ်နဲ့ တွစ်တာတို့ကတဆင့် ဆက်သွယ်အသိပေးအကြောင်းကြားဖို့ အသိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013