DVB Logo
Home
မြန်မာသတင်း
ဝိုင်းမော် ခလရ ၅၈ တပ်ရင်းမှူးနှင့် တပ်တာဝန်ရှိသူများ ခုံရုံးဖွဲ့စစ်ဆေးခံနေရ
DVB
·
August 14, 2021
ဝိုင်းမော် ခလရ ၅၈ တပ်ရင်းမှူးနှင့် တပ်တာဝန်ရှိသူများ ခုံရုံးဖွဲ့စစ်ဆေးခံနေရ
Donate to DVB

အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ ကချင်ပြည်နယ် ဝိုင်းမော်မြို့ ခလရ ၅၈ တပ်ကို KIA တပ်မဟာ ၅ တပ်ရင်း ၃ အဖွဲ့က ဇူလိုင် ၂၉ ရက်နေ့ည ၁၀ နာရီဝန်းကျင်က ဝင်ရောက်တိုက်ခိုက်ခဲ့မှုကြောင့် ထိခိုက်သေဆုံး များခဲ့တာနဲ့ပတ်သက်ပြီး ခလရ ၅၈ တပ်ရင်းမှူးနဲ့ တာဝန်ရှိသူတွေ ခုံရုံးဖွဲ့စစ်ဆေးခံနေရတယ်လို့ အဲဒီတပ်နဲ့နီးစပ်သူတွေဆီက သိရပါတယ်။ 

အဲဒီနေ့ညတိုက်ပွဲမှာ စစ်ကောင်စီလက်အောက်ခံ ခလရ ၅၈ ဘက်က ထိခိုက်သေဆုံးမှု အများအပြားရှိခဲ့တယ်လို့ ဒေသခံတွေက ပြောဆိုပေမဲ့ သေဆုံးထိခိုက်အရေအတွက်ကို စစ်ကောင်စီဘက်ကလည်း မထုတ်ပြန်သလို DVB သတင်းဌာနအနေနဲ့လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။  

အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာ ပါဝင်လာတဲ့ တပ်မတော်အရာရှိ Major 48 က မြို့စောင့်တပ်တွေအနေနဲ့ တပ်ရင်းကို ရန်သူက ဝင်ရောက်တိုက်ခိုက်လို့ အကျအဆုံး အထိအခိုက်များရင် အဲဒီတပ်ရဲ့တပ်ရင်းမှူးကို တာဝန်ပေါ့လျော့မှု အမိန့်ပေးစေခိုင်းမှု ညံ့ဖျင်းမှုတွေနဲ့ စစ်ခုံရုံးတင်လေ့ရှိတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ စစ်ကောင်စီလက်အောက်ခံတပ်ဖြစ်တဲ့ ဝိုင်းမော်မြို့ ခလရ ၅၈ ကို တပ်သားအသစ်တွေနဲ့ ပြန်ချိန်းထားပြီး အသစ်ရောက်လာတဲ့ စစ်တပ်အရာရှိတစ်ယောက်က ယာယီတပ်ရင်းမှူးတာဝန်ကို ယူထားတယ်လို့ DVB က စုံစမ်းသိရှိထားပါတယ်။

ဩဂုတ်လ ၁၄ ရက်နေ့ နေ့လယ်မှာလည်း ဝိုင်းမော်မြို့နယ်အတွင်း လက်နက်ကြီး လက်နက်ငယ်ပ ပစ်ခတ်သံတွေကြားရပြီး  ခလရ ၅၈ တပ်က သူတို့အနီးနားမှာရှိတဲ့ ကျေးရွာတွေကို  ဩဂုတ် ၂၁ ရက်နေ့အထိ ကျေးရွာတွေမှာ ပြန်လည်နေထိုင်ခြင်းမပြုဖို့ လိုက်လံသတိပေးနေပါတယ်။ လက်ရှိမှာတော့ ဒေသခံပြည်သူတွေက နီးစပ်ရာဆွေမျိုးတွေအိမ်နဲ့ ဘေးလွတ်ရာကို တိမ်းရှောင်သွားပြီ ဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013