DVB Logo
Home
မြန်မာသတင်း
စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု လျော့နည်းကျဆင်းလာ
DVB
·
August 14, 2021
စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု လျော့နည်းကျဆင်းလာ
Donate to DVB

စစ်အာဏာရှင်လက်ထက် မြန်မာနိုင်ငံရဲ့  ပြည်ပနိုင်ငံတွေနဲ့ ကုန်သွယ်မှုဟာ   ပို့ကုန် ၁၆ ရာခိုင်နှုန်းနဲ့ သွင်းကုန် ၂၅ ရာခိုင်နှုန်း လျှော့နည်းကျဆင်သွားတယ်လို့ စစ်ကောင်စီ စီးပွားကူးသန်းဝန်ကြီးဌာနက  ထုတ်ပြန်တဲ့ အချက်အလက် စာရင်းဇယားတွေအရ အသိရပါတယ်။ 

လက်ရှိ ၂၀၂၀-၂၁ ဘဏ္ဍာနှစ် ဇူလိုင်လအထိ မြန်မာနိုင်ငံရဲ့ ပြည်ပကုန်သွယ်မှု ယာယီစာရင်းအရ ပြည်ပပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၂ ဒဿမ ၄၅ ဘီလီယံ ရှိပြီး သွင်းကုန်တန်ဖိုး ကန်ဒေါ်လာ ၁၂ ဒဿမ ၂၅ ဘီလီယံ ရှိတာကြောင့် (ပို့ကုန်၊သွင်းကုန်) ကုန်သွယ်မှုတန်ဖိုး စုစုပေါင်း  ကန်ဒေါ်လာ ၂၄ ဒဿမ ၇၁ ဘီလီယံ ရှိပါတယ်။

ကာလတူ ပြီးခဲ့တဲ့ ၂၀၁၉-၂၀ ဘဏ္ဍာနှစ် ဇူလိုင်လအထိ ပို့ကုန်တန်ဖိုး ကန်ဒေါ်လာ ၁၄ ဒဿမ ၇၉ ဘီလီယံ ရှိပြီး သွင်းကုန်တန်ဖိုး ကန်ဒေါ်လာ ၁၆ ဒဿမ ၂၉ ဘီလီယံ ရှိတာကြောင့် (ပို့ကုန်၊သွင်းကုန်) ကုန်သွယ်မှုတန်ဖိုး ကန်ဒေါ်လာ ၃၁ ဒဿမ ၀၈ ဘီလီယံ ရှိခဲ့ပါတယ်။ 

ယခုနှစ်နဲ့ယမန်နှစ် ကာလတူအခြေအနေကို နှိုင်းယှဉ်ကြည့်ရင် ပို့ကုန်တင်ပို့မှုက ကန်ဒေါ်လာ ၃ ဒဿမ ၈၄ ဘီလီယံ လျှော့ကျသွားပြီး  သွင်းကုန်ကလည်း ကန်ဒေါ်လာ ၁၈ ဒဿမ ၈၃ ဘီလီယံ လျှော့ကျသွားတာကြောင့်  (ပို့ကုန်၊သွင်းကုန်) ကုန်သွယ်မှုတန်ဖိုး ကန်ဒေါ်လာ ၆ ဒဿမ ၃၇ ဘီလီယံလျှော့ကျမှု ရှိတာ တွေ့ရပါတယ်။

ဒါကြောင့် လက်ရှိအနေအထားမှာတော့ မြန်မာပြည်၏ ပို့ကုန်၊သွင်းကုန် ကုန်သွယ်မှုက ယမန်နှစ်နဲ့နှိုင်းယှဉ်ရင် ရာခိုင်အားဖြင့် ပို့ကုန်က ၁၆ ရာခိုင်နှုန်း နှင့် သွင်းကုန်က ၂၅ ရာခိုင်နှုန်း  အသီးသီး လျှော့ကျမှု ရှိတာကြောင့် (ပို့ကုန်၊သွင်းကုန်) ကုန်သွယ်မှုပမာဏဆိုရင်  ၂၁ ရာခိုင်နှုန်း လျှော့ကျမှုရှိတယ်လို့ ဆိုရမှာပါ။

စီးပွားကူးသန်းဝန်ကြီးဌာနက ထုတ်ပြန်တဲ့ အချက်အလက်တွေအရ ယခု၂၀၂၀-၂၁ ဘဏ္ဍာနှစ် (ဇူလိုင်လအထိ)  မြန်မာပြည်ရဲ့ ပြည်ပပို့ကုန် အမယ်တွေကိုကြည့်မယ်ဆိုရင် လယ်ယာထွက်ကုန်၊ တိရစ္ဆာန်ထွက်ကုန်၊ ရေထွက်ကုန်၊ သတ္တုတွင်းထွက်၊ သစ်တောထွက်ကုန်၊ စက်မှုကုန်ချောပစ္စည်း၊ အခြားပစ္စည်းများဆိုပြီး ကန်ဒေါ်လာ ၁၂ ဒဿမ ၄၅ ဘီလီယံ တင်ပို့မှုရှိပြီး ကာလတူ ၂၀၁၉-၂၀ ဘဏ္ဍာနှစ်က ကန်ဒေါ်လာ ၁၄ ဒဿမ ၇၉ ဘီလီယံ ရှိပါတယ်။

တခါ မြန်မာပြည်၏ ပြည်ပသွင်းကုန် အမယ်တွေကိုကြည့်မယ်ဆိုရင် ရင်းနှီးမြုပ်နှံမှုကုန်ပစ္စည်း၊ လုပ်ငန်းသုံးကုန်ပစ္စည်း၊ လူသုံးကုန်ပစ္စည်း ဆိုပြီး ယခု၂၀၂၀-၂၁ ဘဏ္ဍာနှစ် (ဇူလိုင်လအထိ)  ကန်ဒေါ်လာ ၁၂ ဒဿမ ၂၅ ဘီလီယံ တင်သွင်းမှုရှိခဲ့ပြီး ကာလတူ ၂၀၁၉-၂၀ ဘဏ္ဍာနှစ်က ကန်ဒေါ်လာ ၁၆ ဒဿမ ၂၈ ဘီလီယံ ရှိတာ တွေ့ရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013