DVB Logo
Home
မြန်မာသတင်း
Stay at Home ကြောင့် မြစ်ကြီးနားနှင့်ဗန်းမော်ရှိ လက်လုပ်လက်စားများ စားဝတ်နေရေး ခက်ခဲလာ
DVB
·
August 14, 2021
Stay at Home ကြောင့် မြစ်ကြီးနားနှင့်ဗန်းမော်ရှိ လက်လုပ်လက်စားများ စားဝတ်နေရေး ခက်ခဲလာ
1 / 5
Donate to DVB

ကချင်ပြည်နယ်မှာ Stay at Home အစီအမံကို ဩဂုတ် ၁၀ ရက်မှ ၂၄ ရက်အထိ စစ်ကောင်စီက ပြန်လည်ချမှတ်ခဲ့တာကြောင့် မြစ်ကြီးနားနဲ့ ဗန်းမော်မြို့က လက်လုပ်လက်စားတွေ စားဝတ်နေရေး ခက်ခဲလာနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဇူလိုင်လအတွင်း ပထမအကြိမ်အဖြစ် မြစ်ကြီးနား နဲ့ ဗန်းမော်မြို့တို့ကို တလနီးပါး Stay at Home သတ်မှတ်ခဲ့တဲ့အပြင် အခု ပြည်နယ်တခုလုံးအစီအမံမှာ ပြန်လည်ပါဝင်ခဲ့တာ ဖြစ်ပါတယ်။  

“အရင်လက တလလုံးနီးပါး စားဝတ်နေရေးအတွက် ရှိတာလေးတွေ ချွေတာစားပေမယ့် အခု ဒုတိယအကြိမ် Stay at Home သတ်မှတ်ရာမှာ ဆက်လက်ပါဝင်နေတာကြောင့် စားဝတ်နေရေးအတွက် အလွန်ခက်ခဲလာပြီး ထောက်ပံ့မှုတွေလည်း မရတာကြောင့် ဘယ်လို ရှေ့ဆက်ရမယ်မှန်း မသိတော့ဘူး။ အခုက လော့ဒေါင်းလား Stay at Home လားလည်း မသဲကွဲဘူး”လို့ ဗန်းမော်ခံအမျိုးသမီး တစ်ဦးက ပြောပါတယ်။

Stay at Home ကာလရှည်ကြာလာတာကြောင့်‌ ပရဟိတအဖွဲ့ တချို့ဆီက ကူညီထောက်ပံ့ တာတွေ ရှိနေပေမဲ့  လိုအပ်နေသူ များပြားနေပြီး စားဝတ်နေရေးခက်ခဲသူတွေအနေနဲ့ ထောက်ပံ့ ကူညီတာတွေ မျှော်လင့်နေတယ်လို့ သိရပါတယ်။

ဗန်းမော်မြို့နယ်မှာ  သြဂုတ် ၁၃ ရက်အထိ ကိုဗစ်ရောဂါပိုးကူးစက်ခံရသူ ၉၀၀ ကျော်လောက်မှာ ၃၀ ကျော် သေဆုံးခဲ့တယ်လို့ ဗန်းမော်မြို့ ပရဟိတတစ်ဖွဲ့ဆီက သိရပါတယ်။

ဗန်းမော် မြို့ပေါ်၊ ရပ်ကွက်နဲ့ ရွာတွေမှာ အပြင်လူတွေ ဝင်ထွက်ခွင့်မပြုဘဲ ဒေသခံတွေကတော့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရဲ့ ၁ ရက်စာ ထောက်ခံချက်နဲ့သာ ဝင်ထွက်ခွင့်ရပြီး တချို့ ရပ်ကွက်တွေမှာတော့  ထောက်ခံစာ တရက်တာအတွက် ၅၀၀ ကျပ်ပေးရတယ်လို့ မြို့ခံတချို့က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013